အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

NUG နှင့် တိုင်းရင်းသားအဖွဲ့တချို့၏ ဘုံသဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ပါဝင်မည်မဟုတ်ဟု KIO ဆို


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4k

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်တိုင်းရင်းသားတပ်ဖွဲ့အချို့ကြား  နိုင်ငံရေးဆွေးနွေးရာတွင်သာပါဝင်ပြီးဘုံသဘောတူညီချက်အားလက်မှတ်ထိုးရာတွင်ပါဝင်မည်မဟုတ်ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နိရဉ္စရာ သတင်းဌာနအား ပြောသည်

လက်ရှိ အခြေအနေမှာကတော့ KIO ကတော့ ဘုံရပ်တည်ချက်ထုတ်ပြန်တဲ့နေရာမှာကတော့ ကျွန်တော်တို့ လက်တွေ့ လုပ်နေတဲ့ နေရာဒေသ လုပ်ငန်းနဲ့ ဆိုင်လို့ လက်မှတ်ထိုး တဲ့နေရာမှာ မပါတာ ဖြစ်ပါတယ်။ လက်တွေ့ပိုင်းကို စဉ်းစားလို့ လက်မှတ်ထိုး တဲ့နေရာမှာမပါတာဖြစ်ပါ တယ် ဟု  ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် တိုင်းရင်းသားတပ်ဖွဲ့အချို့ကြား ရရှိထားသည့် နိုင်ငံရေး ဘုံသဘောတူညီချက်ထဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)လည်း ပါဝင်လာကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ နိရဉ္စရာက ဗိုလ်မှူးကြီးနော်ဘူ အားမေးမြန်း ရာထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘုံရပ်ရပ်တည်ချက်ထုတ်ပြန်တဲ့နေရာမှာ ကျွန်တော်တို့ KIO ကတော့ထုတ်ပြန်တဲ့ အထဲမှာ မပါ ဘူးခင်ဗျာ။  ဆွေးနွေးတဲ့ အထဲမှာကတော့ ပါပါတယ်။ ဆွေးနွေးတဲ့နေရာမှာကတော့ ကျွန်တော် တို့ပါတယ်။ အားလုံးရဲ့ ပစ်မှတ်ဖြစ်နေတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးမှာကတော့ အားလုံး ဝိုင်းဝန်းပြီး မှ လုပ်တာဖြစ်ပါတယ်၊ နောက်တစ်ခုက စစ်အာဏာရှင်အလွန်မှာပေါ့။  စစ်အာဏာရှင် စနစ်  ချုပ်ငြိမ်းတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ တိုင်းပြည်ကိုဘယ်လို လုပ်မလဲ ဆိုတဲ့ နေရာမှာကတော့ ဆွေးနွေးတဲ့ နေရာမှာတော့ ကျနော်တို့  ပါဝင်သွားမှာ ဖြစ်ပါတယ်ဟု ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ(KNPP) ချင်းအမျိုးသားတပ်ဦး(CNF)နှင့် NUG တို့ကြားရရှိထားသည့် နိုင်ငံရေးဘုံသဘောတူညီချက်ထဲသို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)လည်း ပါဝင်လာကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလမှ ဖေဖော်ဝါရီလ ရက်တွင်ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်းသိရသည်။

ပြိုကွဲနိုင်ငံတော် မဖြစ်စေရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ချက်အဖြစ် မြင်တွေ့နေရပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ(KNPP/KA) ချင်းအမျိုးသားတပ်ဦး(CNF/CNA) စသည့် K3C နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြား သဘောတူညီချက်များက နိုင်ငံတကာအသိုင်းအဝိုင်း စိုးရိမ်ချက်များကိုတစ်စုံ တစ်ရာအားဖြင့် ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၃၁ ရက်တွင်(NUG) နှင့်တိုင်းရင်းသားလက်နက်ကိုင်တချို့သည် ဘုံသဘောထားရပ် တည်ချက် ထုတ်ပြန်ခဲ့သော်လည်း  KIO မှာ ပါဝင်ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် တအာင်းတပ်မတော်(TNLA) ကိုးကန့် တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီးလည်း ယာယီသမ္မတက အလေးထားပြော ကြားခဲ့ကြောင်း သိရသည်။NN-20

ဓာတ်ပုံ - ကွန်ဂျက်

ဆက်စပ် သတင်းများ