တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာသည့် လက်နက်ကိုင် ၂၃ ဦးကို နယ်ခြားစောင့်တပ်က ဖမ်းဆီးတရားစွဲဆိုထား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.1k

မြန်မာစစ်တပ် နှင့် ရခိုင်တပ်တော် (AA) တို့ နယ်စပ်ဒေသတွင် တိုက်ပွဲဖြစ်ပွါးစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ လက်နက်ကိုင်ပြီး ထွက်ပြေးဝင်ရောက်လာသည့် လက်နက်ကိုင်  ၂၃ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးပြီး တရားစွဲဆိုထားသည်ဟု သိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို ကော့ဘဇားရဲတပ်ဖွဲ့မှ ရဲအုပ် မဟာဖူဇူလ် အစ္စလမ်က လက်နက် ၁၅ လက်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကိုယ်စား ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ်က တစ်စုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ရဲစခန်းက မှတ်တမ်းယူ တရားစွဲဆိုထားသည်ဟု သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်၏ တိုက်ပွဲတွေကြားမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကျူးကျော်ဝင်ရောက်လာသည်  ရိုဟင်ဂျာ လက်နက်ကိုင် ၂၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု The Financial Express တွင် သတင်းဖော်ပြသည်။

ရဲတပ်ဖွဲ့က ၎င်းတို့အား တရားဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်ထားသော နေထိုင်သူများဖြစ်ကြသည်ဟုဆိုသည်။

ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည်  မြန်မာနိုင်ငံအတွင်းသို့ အဘယ်ကြောင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်ခဲ့သည်ကို  ရှာဖွေစစ်ဆေးရန် ကြိုးပမ်းနေကြောင်း ခရိုင်ရဲမှူး Mahfuzul Islam က ပြောသည်။

၎င်းတို့အား ဖမ်းဆီးပြီးနောက် ကော့စ်ဘဇားခရိုင် Ukhiya ရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့သည်ဟု ၎င်းသတင်းတွင် ဖော်ပြထားသည်။ 

သို့သော်လည်း  အခြားသောသတင်းအရင်းမြစ်တစ်ခုကို ကိုးကားပြီး Dhaka Tribune ကသတင်းဖော်ပြရာတွင်  အဆိုပါလက်နက်ကိုင်ဝင်ရောက်လာသူများမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှ အကြမ်းဖက်ခေါင်းဆောင် နာဘီဟူစိန် ဦးဆောင်သည့်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည်ဟု ဖော်ပြသည်။

ပလောင်ခါလီ ယူနီယံ ပါရီရှက် ဥက္ကဋ္ဌ ချောင်ဒူရီ၏ ပြောကြားချက်အရ အင်္ဂါနေ့က ရာမတ်ဘီလ် နှင့် အဂျူမန်ပါရာနယ်ခြားမှတစ်ဆင့် ဘင်္ဂလား​ေ့ဒေ့ရှ်ထဲသို့ လူအများအပြားဝင်ရောက်လာကြောင်း၊ အများစုမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ထံ လက်နက်အပ်နှံအဖမ်းခံခဲ့ကြကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းမှ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဝင် ၃၀ ကိုလည်း ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

နာဘီဟူစိန် ခေါင်းဆောင်သည့် မြန်မာနိုင်ငံမြောက်ပိုင်းမှ မွတ်ဆလင်အကြမ်းဖက်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ရာမတ်ဘီလ် တစ်ဖက်ကမ်းတွင်အခြေစိုက်လှုပ်ရှားနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ရခိုင်တပ်တော် အေအေနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွါးပြီးနောက် အဆိုပါအဖွဲ့ဝင် ၅၀-၆၀ ခန့်သည် လက်နက်များနှင့်အတူ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ ဝင်လာခဲ့ကြောင်း၊ ၄င်းတို့အနက် ၃၀-၃၅ဦးခန့်ကို နယ်ခြားစောင့်တပ်ထံ လွှဲအပ်ခဲ့သည်ဟု အခြားသော သတင်းရင်းမြစ်တစ်ခုကို Dhaka Tribune က ကိုးကား ရေးသားထားသည်။

Ref: Dhaka tribune/the Financial Express

ဆက်စပ် သတင်းများ