မြန်မာဘက်က ကျည်ဆံ ဒဏ်ရာ၇ထားသူ အမျိုးသမီး တစ်ဦးအပါအဝင် လူ ၅ ဦးသည် လှေတစ်စီးနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက်လာသည်ဟု သိ၇သည်။
၎င်းတို့သည် ယမန်နေ့ ညနေ ၄ နာရီခန့်က ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်၊ ShapureeDwip ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
Abdus Salam ဆိုသည့် ဒေသအတွင်းက လူကြီးတစ်ဦးက “သတင်းရရှိပြီးတဲ့နောက် နယ်ခြားစောင့်တပ်က အဲဒီနေရာကို စစ်ဆေးဖို့ သွားနေပါတယ်။ ကျွန်တော်တို့ ကြားတာက သူတို့ ဆေးကုဖို့လာတယ်လို့ သိ၇ပါတယ်” ဟု ပြောသည်။
နောက်ထပ် ဈေးဆိုင်ရောင်းသူတစ်ဦးကလည်း လှေပေါ်တွင် စုစုပေါင်း လူ ၅ ဦးပါလာသည်ဟု ပြောကြားသည်။ သို့သော်လည်း အဆိုပါ ဝင်ရောက်လာသူ ၅ ဦးနှင့် ပတ်သက်ပြီး သတင်းတွင် အသေးစိတ်ဖော်ပြထားခြင်း မရှိပါ။
တစ်ချိန်တည်းတွင်ရခိုင်နယ်စပ်တစ်လျှောက်တွင်ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ် လက်နက်ကိုင် တပ်ဖွဲ့များအကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ပေါက်ကွဲမှုများ ဆက်တိုက် ကြားနေရသဖြင့်ShapureeDwip မြို့ခံလူများအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ခဲ့၇သည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB နှင့် ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည်မြန်မာနယ်စပ်ဘက်မှထပ်မံဝင်ရောက်လာမှုကို တားဆီးရန်အတွက် နတ်မြစ်အတွင်း တင်းကြပ်စွာကင်းလှည့်လျက်ရှိသည်။
စနေနေ့က မော်တာကျည် ပေါက်ကွဲသံကြောင့် ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းရှိနေအိမ်များ တုန်လှုပ်သွားကာ ဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း၊ ပေါက်ကွဲသံများကြားပြီးနောက် ဒေသခံများ စိုးရိမ်ထိတ်လန့် ဖြစ်ခဲ့ကြ၇သည်။
တက်ကနက်မြို့ အမှတ် (၂) BGB တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး MohiuddinAhmed က “ ယမန်နေ့ နံနက်က မြန်မာနိုင်ငံအတွင်းပြင်းထန်စွာ ပစ်ခတ်မှု သတင်းကို ကြားရကြောင်း၊ သို့အတွက် နယ်စပ်တလျှောက် လုံခြုံရေးကို တိုးမြင့်ပြီး ကင်းလှည့်မှုများ ပိုမို လုပ်ဆောင်ထားသည် ပြောဆိုသည်။ (NN-30)