Preview

သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း(ခ)ဖိုးသီဟအား စစ်ကောင်စီကဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်ခြင်းအပေါ် UNESCO၊ RSF၊ CPJ အပါအဝင် IMJA ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ဖေဖော်ဝါရီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :1460
ပြည်တွင်း သတင်း

သတင်းထောက်ဟောင်းကိုမြတ်သူထွန်း(ခ)ဖိုးသီဟအား စစ်ကောင်စီကဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်ခြင်းအပေါ်  UNESCO RSF CPJ အပါအဝင်  IMJA ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

သတင်းထောက်ဖိုးသီဟ (ခ) မြတ်သူထွန်းကို အာဏာသိမ်း မြန်မာစစ်တပ်က မြေမြပ်သတ်ဖြတ်ခဲ့သည့်အတွက် UNESCO အကြီးအကဲညွှန်ကြားရေးမှူးချုပ် Audrey Azoulay ကကန့်ကွက်ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

သတင်းထောက်ဖိုးသီဟအား မြေမြှုပ်သတ်ဖြတ်ခံခဲ့ရသည့်အတွက်တရားမျှတမှုရှိစေရန် ကျူးလွန်သူများအား အရေးယူပေးရန် UNESCO အကြီးအကဲ တောင်းဆိုသည်။

ဖေဖော်ဝါရီ၂၃ ရက်နေ့တွင် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ကလည်း ကိုမြတ်သူထွန်းသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

သတင်းသမားတွေအပေါ်မြန်မာစစ်ကောင်စီ အကြမ်းဖက်မှုများကို ရပ်တန့်ရေးနှင့်  ဖမ်းဆီးထားသည့်  သတင်းသမား ၆၂ ယောက် အမြန်ဆုံးလွတ်မြောက်ရေးဖိအားပေးရန်  နိုင်ငံတကာအသိုင်းအဝိုင်းကိုတိုက်တွန်းတောင်းဆိုထားကြောင်း  RSF ကြေညာချက် ထည့်သွင်းဖော်ပြထားသည်။

သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ) ကလည်း သတင်းထောက်ဖိုးသီဟ အား သတ်ဖြတ်ခဲ့သည့် မြန်မာစစ်တပ်မှ ကျူးလွန်သူများကိုစုံစမ်းဖော်ထုတ်ပေးရန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တောင်းဆိုခဲ့သည်။

သတင်းထောက်ဟောင်းကိုမြတ်သူထွန်း (ခ) ဖိုးသီဟကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်၊အလောင်းဖျောက်ခြင်းလုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံး(IMJA) မှ ဖေဖော်ဝါရီ၂၄ တွင် ကြေညာချက် ထုတ်ပြန်သည်။

မြောက်ဦးမြို့နယ်တွင်စစ်ကောင်စီကဖမ်းဆီးထားသော သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟကိုမြောက်ဦးအခြေစိုက် ခမ၇ (၃၇၈) တပ်ရင်းအတွင်းရှိ တပ်ရင်းအချုပ်အတွင်း ချုပ်နှောင်ထားစဉ် စစ်ကောင်စီတပ်ကပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှု ဖြစ်ပွားခဲ့ကြောင်း သိ၇သည်ဟု(IMJA) ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် စစ်ကောင်စီသည် သတင်းထောက်ကိုမြတ်သူထွန်း(ခ) ဖိုးသီဟ နှင့်အတူဖမ်းဆီးခံထား၇သည့် အခြားအမျိုးသား ၆ ဦး ကိုမြန်မာစစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည်။

စစ်ကောင်စီသည်၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၅ယောက်ကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၁၇၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း သိ၇သည်။

စစ်ကောင်စီအနေဖြင့်သတင်းသမားများကို သတ်ဖြတ်မှုများ၊ ပစ်မှတ်ထားဖမ်းဆီးမှုများ ချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထားသောသတင်းသမားများအားလုံးကိုချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း  မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA)ကတိုက်တွန်း တောင်းဆိုထားသည်။

လွတ်လပ်သောမြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) အနေဖြင့်ယခုကဲ့သို့ သတင်းသမားများအပေါ် သတ်ဖြတ်ခြင်းဖြစ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး သတင်းမီဒီယာသမားများအပေါ် ကျူးလွန်သည့် ပြစ်မှုတစ်ခုအနေဖြင့်မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်းထောက်ဖိုးသီဟကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ရခိုင်ပြည်မြောက်ဦးမြို့ရှိ ၎င်း၏နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များမှ လာရောက် ဖမ်းဆီးခဲ့ပြီး ၅၀၅ (က)ပုဒ်မဖြင့် တရားစွဲဆိုကာ မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းခဲ့သည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်သားများသည် ကိုဖိုးသီဟ အပါအဝင် အကျဉ်းသားများကို ၃၇၈ တပ်ရင်း၌ ရက်စက်စွာ သတ်ဖြတ်ပြီး အလောင်းကို မြေမြပ်ကာ ဖျောက်ဖျက်ခဲ့ကြောင်း သိ၇သည်။

စစ်ကောင်စီတပ်သားများမှ၃၇၈ တပ်ရင်း၌ မြေမြှုပ်သတ်ပစ်ခဲ့သော အကျဉ်းသား ရ ဦးရှိပြီး ၎င်းတို့မှာ သတင်းထောက်ဖိုးသီဟ (ခ) ကိုမြတ်သူထွန်း၊ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ကိုပြည့်စုံဝင်းတို့ ဖြစ်သည်။

သတင်းထောက်ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းသည် DVBTheVoice7DayNewsနှင့် ၇ခိုင်အခြေစိုက် သတင်ဌာနအချို့တို့တွင်ရခိုင်ပြည်သတင်းများကို ရေးသားခဲ့ကြောင်းသိ၇သည်။NN-20



မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.