Preview

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး ပျက်ကျ

ဖေဖော်ဝါရီ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1699
ပြည်တွင်း သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တွင်ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး လယ်ကွင်းထဲသို့ ပျက်ကျသွားပြီး မီးလောင်ကျွမ်းနေကြောင်း ဒေသခံများထံမှသိ၇သည်။

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီး ပျက်ကျလာခြင်းဖြစ်ပြီးလေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ထွက်သွားခြင်းဖြစ်နိုင်ကာ ရှာဖွေ၍မတွေ့ရှိသေးကြောင်း ဒေသခံများထံမှသိ၇သည်။

“နေ့လယ် ၁၂ ခွဲလောက်ကဖြစ်တာ။လောလောဆယ် အရန်မီးသတ် စစ်သားတွေ ရဲတွေရောက်နေပြီဗျ။ လေယာဉ်မှူးကိုရှာမတွေ့သေးပါဘူး။စစ်လေယာဉ်သုံးစီးနဲ့ကောင်းကင်မှာဝဲပြီးရှာနေတယ်။ သူ့ဘာသူ ပျက်ကျတာ။ ဇောက်ထိုးကြီး မီးခိုးတွေနဲ့ ပျက်ကျတာခင်ဗျ” ဟု ဒေသခံတော်လှန် ရေးတပ်ဖွဲ့တစ်ခု မှ ပြန်ကြားရေးတာဝန်ခံတစ်ဦး က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။


ပျက်ကျခဲ့သည့် စစ်ကောင်စီ၏ လေယဉ်သည် Tail No 2721 MIG-29 Jet Fighter တစ်စီးဖြစ်ပြီး စလင်းမြို့နယ်၊တောစိမ့်တိုက်နယ်၊ သန်းပင်ကုန်းဒေသ  ကြို့ဝန်းကျေးရွာ အနောက်တောင်ဘက် လယ်ကွင်းလွတ်ထဲသို့ မွန်းလွဲ ၁၂ နာရီ ၄၅ အချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။

လေယာဉ်မှူး နှစ်ဦးမှာ လေထီးဖြင့်ခုန်ဆင်းသွားကြောင်းနှင့် ပျက်ကျမှု အပြီး စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်များဖြင့်အသည်းအသန်ရှာဖွေလျက်ရှိပြီး ဒေသခံတပ်ရင်းများဖြစ်သည့်  ၂၅၃၊၂၅၄၊၂၅၅ တို့မှ သွားရောက် ရှာဖွေစစ်ဆေးလျှက်ရှိကြောင်းသိ၇သည်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီး တိုက်လေယာဉ်တစ်စီးပျက်ကျသွားပြီး လယ်ကွင်းထဲတွင် မီးလောင်ကျွမ်းနေသည့် ဓာတ်ပုံများသည် ဖေဖော်ဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် လူမှုကွန်ရက် တွင်ပျံ့နှံ့လျက်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့များအား လေကြောင်းကို အသုံးပြုတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ လေယာဉ်များ မကြာခဏ ပျက်ကျလျက်ရှိ ကြောင်းသိ၇သည်။

ဓာတ်ပုံ- မင်းဘူးခရိုင်အမှတ် ရ တပ်ရင်း

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.