Preview

ဘူးသီးတောင်အခြေစိုက် ၂၃၃ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီအရာရှိ ၄ ဦးကို အသေဖမ်းမိပြီး အရှင် ၅၉ ဦးဖမ်းမိကြောင်း CDF-Daai မှ သတင်းထုတ်ပြန်

မတ် ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :8824
ပြည်တွင်း သတင်း

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှဖေဖော်ဝါရီ ၂၈ ရက်နေ့ထိနှစ်လတာစစ်ဆင်ရေးအတွင်း Chinland DefenseForce- Daai (CDF – Daai) အနေဖြင့်အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၄ ဦးကိုအသေဖမ်းမိကာ (၅၉) ဦးကိုအရှင် ဖမ်းဆီးပြီး ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဖေဖော်ဝါရီ ၂၈ ရက်နေ့က သတင်းထုတ်ပြန်သည်။

အသေဖမ်းမိသူ ၄ ဦးမှာ ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက်  ခမ၇(၂၃၃)တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူး(၁)ဦး နှင့်ဗိုလ်ကြီး (၂)ဦး စုစုပေါင်း(၄) ဦးတို့ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် အဆိုပါတိုက်ပွဲအတွင်း ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၅)ဦးနှင့်အကြပ်ရဲဘော်(၈)ဦး စုစုပေါင်း (၁၄)ဦးတို့ ကို အရှင်ဖမ်းဆီးခဲ့ ကြပါသည်။

CDF- Daai အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မွန်တောင်စစ်ဆင်ရေးပြုလုပ်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ၏ဗိုလ်ကြီး(၁)ဦး၊ ဗိုလ်(၁)ဦး၊တပ်ကြပ်ကြီး(၂)ဦးအပါအဝင် အကြပ်ရဲဘော်(၁၁)ဦး စုစုပေါင်း (၁၅) ဦးကိုဖမ်းဆီး၇မိခဲ့သည်ဟု ဖော်ပြသည်။

ဖေဖော်ဝါရီ ရ ရက်နေ့တွင် လောင်းပွဲတောင်၌ မိမိတို့ CDF- Daai ၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့်မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍စစ်ဆင်ရေးပြုလုပ်ရာတွင် မိမိတို့ပူးပေါင်းတပ်ဖွဲ့ထံ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့မှဗိုလ်(၁)ဦး၊တပ်ကြပ်ကြီး(၃)ဦး အပါအဝင်အကြပ်ရဲဘော်(၁၉)ဦးစုစုပေါင်း(၂၃)ဦး လက်နက်ချအလင်း ဝင်ခဲ့ကြပါသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်လည်း ချင်းပြည်နယ်လုံရင်းတောင်စစ်ဆင်ရေးနှင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လှောင်သွေတောင် စစ်ဆင်ရေး အသီးသီးဆောင်ရွက်ခဲ့ကြရာတွင်လည်း  အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှဗိုလ်မှူး(၂)ဦး၊ ဗိုလ်ကြီး(၃)ဦး နှင့် အကြပ်ရဲဘော်(၂)ဦးစုစုပေါင်း (ရ)ဦးတို့ကို ဖမ်းဆီး၇မိခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းစစ်ကောင်စီတပ်သားများသည် ရက္ခိုင့်တပ်တော် (AA) က ပလက်၀မြို့ကို တိုက်ခိုက်စဉ်စခန်းစွန့်ခွာပြီး မကွေးတိုင်းဘက်သို့ ဆုတ်ခွာထွက်ပြေးကြသူများဖြစ်ပြီး လမ်းခရီးတွင်CDF-Daai တပ်ဖွဲ့၏လိုက်လံချေမှုန်းခြင်းကိုခံခဲ့ကြ၇သူများဖြစ်ကြသည်။

CDF-Daai သည် ချင်းပြည်နယ် ပလက်၀၊မင်းတပ်၊ မတူပီနှင့် ကန်ပလက်မြို့နယ်တို့ကိုအခြေစိုက် လှုပ်ရှားနေသည်ဟု သိ၇သည်။

စစ်သုံ့ပန်းများကိုနိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ဓာတ်ပုံ- ဖမ်းဆီး၇မိသည့် စစ်သုံ့ပန်းများ/ CDF-Daai)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.