ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသည့် မြန်မာ ၉၄ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 840

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ ခရိုင်တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသည့် မြန်မာ ၉၄  ဦး မတ်လ ၃ ရက် နေ့ နံနက်ပိုင်း၌ ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံသတင်းများတွင် ဖော်ပြကြသည်။

ကုန်တင်ကားဖြင့် တရားမဝင် သယ်ဆောင်လာသည့် မြန်မာ ၉၄ ယောက်အား ထောင်ပါပွန်း မြို့နယ် ထခွမ် ရဲစစ်ဆေးရေး ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကန်ချနဘူရီ ရဲတပ်ဖွဲ့ မှထုတ်ပြန်ထားသည်။

ကုန်တင် ၆ ဘီးကားပေါ်ရှိ တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၅၈ ဦး ၊ အမျိုးသမီး ၃၁ ဦးနှင့် ကလေး ၅  ဦး စုစုပေါင်း ၉၄ ဦးအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိခဲ့ကြောင်းထိုင်း သတင်းဌာနများတွင် ရေးသား ထားကြသည်။

ရဲတပ်ဖွဲ့မှ ကုန်တင်ကားအား ၃၂၃  လမ်းမကြီး နှင့်   ၆ ကီလိုမီတာအကွာတွင် လိုက်ရှာခဲ့ရာ ယာဉ်မောင်းမှာ မြစ်ကမ်းအတွင်းသို့ ခုန်ချကာ ထွက်ပြေးသွားကြောင်းသိရသည်။


မြန်မာနိုင်ငံမှ ကလေး-လူကြီး များ ၉၀ ကျော်လိုက်ပါလာသည့် ကုန်တင်ကားကြီးကို ထောင်ပါပွန်မြို့နယ် ထခွမ် ရဲစစ်ဆေးရေးဂိတ်မှ မသင်္ကာသောကြောင့်  စစ်ဆေးခဲ့ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့တို့သည် ပွဲစားအား  မြန်မာငွေ  သိန်း ၃၀ ခန့်ပေးပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် လာရောက်သူများဖြစ်ကြောင်းသိရသည်

ထိုင်းနိုင်ငံတွင်  တရားမဝင် ဝင်ရောက်လာသူ အထောက်အထားမဲ့ မြန်မာတွေလည်း ၂ သန်းကျော်ခန့် ရှိနိုင်ကြောင်း အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်သူများမှခန့်မှန်းထားကြသည်။NN-20။ ဓာတ်ပုံ- Khaosod English

 

 

ဆက်စပ် သတင်းများ