မြန်မာနိုင်ငံမှထွက်ပြေးလာသည့် မွတ်ဆလင်ဒုက္ခသည် ( ရိုဟင်ဂျာ) များအား နေရပ်ပြန်ပို့ပေးရေးမှာမြန်မာပြည်တွင်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကြောင့်ပိုမိုခက်ခဲသွားပြီဖြစ်ကာ ဘင်္ဂလားဒေ့ရှ် အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေသည်ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မတ်လ၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒါကာထရိုင်ဗြွန်းသတင်း၏ ရေးသားဖော်ပြချက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့်မွတ်ဆလင်ဒုက္ခသည်များကို "အတင်းအကြပ် နေရပ်စွန့်ခွါထွက်ပြေးလာရသည့်မြန်မာနိုင်ငံသားများ( forcibly displaced Myanmar nationals )ဟုဖော်ပြထားပြီး ၎င်းတို့အား ပြန်ပို့ရေးမှာ အလွန်အရေးကြီးကြောင်း၊သို့သော် လက်ရှိဖြစ်ပွားနေသော မြန်မာပြည်တွင်းရေးပြဿနာကြောင့်ပိုမိုခက်ခဲသွားသည်ဟု ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်။
" အခု ကော့ဘဇားခရိုင်မှာမြန်မာနိုင်ငံဘက်က ဝင်လာသူတွေကြောင့် ဒေသခံတွေဟာ လူနည်းစု ဖြစ်သွားပြီ။ဝင်လာသူတွေကြောင့် သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်းဖြစ်တယ်" ဟု ဝန်ကြီးချုပ်ဟာဆီနာက ပြောကြားခဲ့သည်။
ဟာဆီနာကမြန်မာနိုင်ငံမှ အတင်းအကြပ်နေရပ်စွန့်ခွာထွက်ပြေးလာသူများကို ၎င်းတို့နေထိုင်ရာ ဒေသသို့ဂုဏ်သိက္ခာနှင့်အညီ ပြန်ပို့ပေးနိုင်ရေး အာမခံချက်ရှိရမည်ဖြစ်ကြောင်း၊မည်သူကိုမျှ ဘင်္ဂလားဒေ့ရှ်နယ်မြေကို အသုံးချပြီးလက်နက်ကိုင်တော်လှန်ရေးလုပ်ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဒုက္ခသည်မွတ်ဆလင်လူငယ်များရာဇဝတ်မှုများနှင့် ကင်းဝေးအောင် ဘတ်ဆန်းချားကျွန်းတွင်လူ တစ်သိန်းအထိ နေနိုင်အောင် လုပ်ဆောင်ပေးထားပြီး ယခုအခါမွတ်ဆလင်ဒုက္ခသည် ၃၅၀၀၀ရောက်ရှိနေပြီဟု ဟာဆီနာက ပြောကြားခဲ့သည်။
တနင်္လာနေ့ကနိုင်ငံတကာတရားရုံး(ICJ) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စား တာဝန်ပေးအပ်ခံရသည့် ပါမောက္ခအက်ခါဗန် နှင့် ပါလီမန်တွင်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်များနှင့်တွေ့ဆုံစဉ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။
NN-27/ ref: dhakatribune/PMHasina: Myanmar conflict makes Rohingya repatriation difficult