Preview

ကချင်တွင် တိုက်ပွဲပြင်းထန်နေပြီး လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီစခန်း ၁၀ ကျော်အား KIA သိမ်းပိုက်လိုက်ပြီဟု ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

မတ် ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :2857
ပြည်တွင်း သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ တစ်လျှောက်တွင် စစ်ကောင်စီနှင့်ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) တို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား နေပြီး  လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီစခန်း ၁၀ ကျော်အား မတ်လ ရရက်နေ့ ညနေပိုင်းတွင် ကချင် လွတ်လပ်ရေးတပ်မတော် ( KIA) က သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က နိရဉ္စရာသတင်းဌာနသို့  အတည်ပြုပြောဆိုသည်။

“စခန်းတွေသိမ်းနိုင်တာကတော့ ကျွန်တော်တို့ လိုင်ဇာနဲ့ အနီးကပ်ဆုံး ဖြစ်နေတဲ့ ခွန်းကျယ်ဘွမ်း ဆိုတဲ့ တပ်စခန်းကိုတော့ ညနေပိုင်းမှာဒီနေ့ရပါပြီ။ ကျန်တဲ့ဘွမ်ရဲဘွမ်(BumreBum)တို့ ခယာဘွမ်(Hkaya Bum) တို့တော်တော်များများ က ကာကင်းစခန်း တွေကိုတော့ ၁၀ ကျော်လောက်တော့ ၇ပါပြီခင်ဗျာ”ဟု ဗိုလ်မှူးကြီး နော်ဘူ မှပြောသည်။

၎င်းပြင် ဗန်းမော်လေတပ်စခန်းကိုလည်း လက်နက်ကြီးဖြင့် KIAပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု သတင်းကြားသော်လည်းအတည်မပြုနိုင်သေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ ဗန်းမော်လေတပ်တို့ကိုလည်း ဝမ်းအော်ဆဲဗင်း နဲ့ပစ်တယ်လို့ တော့ကြားပါတယ်။ ဒါပေမယ့် အဲ့ဒါကတော့ အသေးစိတ် အတည်ပြုပြီးမှ။ အခုပြောတာကတော့အဆင်မပြေသေးဘူးနော်။”

မတ်လ ရရက်နေ့  ၆နာရီဝန်းကျင်မှစတင်ပြီး မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီစခန်းများ တွင်တိုက်ပွဲ များဆက်လက်ဖြစ်ပွားနေကြောင်းနှင့် လိုင်ဇာမြို့သို့ လက်နက်ကြီး ကျရောက်သောကြောင့် ပြည်သူသေဆုံးမှု တချို့ရှိ ကြောင်းလည်း သူက ပြောသည်။

မတ်လ ရရက်နေ့တွင်  KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီး စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ သားအမိ ၂ ဦးသေဆုံးပြီး နောက်ထပ်အရပ်သား ၁ ဦးလည်း ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်းဒေသတွင်းသတင်းများကဖော်ပြကြသည်။

“ လက်ရှိ တိုက်နေတာကတော့ မြို့နယ်နဲ့ပြောမယ်ဆိုရင်တော့ ဝိုင်းမော်မြို့နယ်ဘက်ကတပ်စခန်းတွေပါတယ်။ နောက် မိုးမောက်တို့ ဒေါ့ဖုန်းယန်မြို့နယ် တို့ပါပါတယ်။ကျွန်တော်တို့ဘက်ကတော့ တခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးမှ တိုက်နေတာဖြစ်ပါတယ်၊”ဟု ဗိုလ်မှူးကြီးနော်ဘူ မှပြောသည်။

လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီစခန်းများအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မတ် ရ ရက် နံနက်အစောပိုင်းမှ စတင်ကာ တစ်ပြိုင်နက်တိုက်ခိုက်နေပြီး ဝိုင်းမော်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်ရှိ စစ်ကောင်စီစခန်းများကို KIA နှင့်အတူ ရက္ခိုင့်တပ်တော် (AA)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်းသိ၇သည်။

KIA နှင့် မဟာမိတ်တို့သည် KIA ဌာနချုပ် လိုင်ဇာအနီးမှ စစ်ကောင်စီတပ်စခန်းများ၊ မြစ်ကြီးနား လေတပ်စခန်းနှင့် ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ ဗန်းမော် စသည့်မြို့များမှ စစ်စခန်းများကို လည်း တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြထားကြသည်။

စစ်ကောင်စီ၏ ကာကင်းစခန်းတချို့အား  KIA သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကာ လက်နက်ခဲယမ်း တချို့ကိုလည်း KIA ဘက်ကသိမ်းဆည်းနိုင်သည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် တိုက်ပွဲရုပ်သံမှတ် တမ်းများအရ တွေ့၇သည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်များရပ်တန့်သွားသော်လည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယခုအခါ ကချင်ပြည်နယ်တွင်လည်း စစ်ကောင်နှင့် KIA တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။NN-20/Photo-VOI

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.