ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇ၏ သမီးဖြစ်သူ ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇ အား အီတလီနိုင်ငံမှ ပြောင်းရွေ့ဖယ်ရှားရန် နှင့် ပိုင်ဆိုင်သော ပစ္စည်း များကို ထိမ်းသိမ်းထားရန် Justice For Myanmar (JFM) အဖွဲ့မှ အီတလီအစိုး၇ကို တောင်းဆိုကြောင်း မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည် ။
ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇသည် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် ထူးကုမ္ပဏီအုပ်စုဝင် ကုမ္ပဏီများတွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်အဖြစ် ပါဝင်နေမှုအပေါ် စုံစမ်းစစ်ဆေးရန်၊ လိုအပ်သလို ပိုင်ဆိုင်ပစ္စည်း များကို ထိမ်းသိမ်းထားရန်နှင့် ၎င်းအား အီတလီနိုင်ငံမှ ပြောင်းရွေ့ဖယ်ရှားရန်တို့အတွက် ပြင်သစ်ရှေ့နေများ ဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့သည် Justice For Myanmar အား ကိုယ်စားပြု၍ အီတလီ အာဏာပိုင်များထံ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် သတင်းပေးတိုင်ကြားခဲ့ကြောင်း Justice For Myanmar (JFM)၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရေချယ်တေဇသည် မီလန်မြို့တွင် နေထိုင်လျက်ရှိပြီး၊ မကြာသေးမီကမှ ယင်းမြို့ရှိ ဖက်ရှင်သင်တန်းကျောင်းမှ ကျောင်းပြီးခဲ့ခြင်းဖြစ်ကြောင်း
ရေချယ်သည် အီတလီတွင်ရှိစဉ်တလျောက် စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပို
ရေချယ်တေဇသည် အီတလီနိုင်ငံတွင် ဆက်လက်နေထိုင်လျက်ရှိပြီး၊ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော ၎င်း၏မိသားစုပိုင် ခရိုနီစီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် ထူးကုမ္ပဏီအုပ်စုအတွက် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း Justice For Myanmar (JFM)၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အီတလီအာဏာပိုင်တွေအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အသက်ဝင်လည်ပတ်အောင် ကြပ်မတ်ဆောင်ရွက်မှု အားနည်းတာတွေက ရေချယ်တေဇကို တရားမဝင်၊ ဥပဒေနဲ့မညီတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာငွေပေးအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အီတလီနိုင်ငံကနေ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရေချယ်တေဇနဲ့ ၎င်းရဲ့မိသားစုတွေဟာ မြန်မာစစ်တပ်ရဲ့ အဆုံးအစမဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထူးကုမ္ပဏီအုပ်စုမှတဆင့် အားပေးကူညီခဲ့ပြီး၊ မြန်မာပြည်သူလူထု အသက်သွေးချွေးတွေပေါ်ကနေ အကျိုးအမြတ်တွေ ရရှိခဲ့ကြပါတယ်။ ရေချယ်တေဇကို အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့
ထူးကုမ္ပဏီအုပ်စုသည် မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လျက် ရှိပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား အားပေးကူညီလျက်ရှိသည့် စစ်တပ်၏ နိုင်ငံတကာစီးပွားရေးကွန်ရက်တွ
ထူးကုမ္ပဏီအုပ်စုအား အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
အီးယူသည် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရခြင်း အကြောင်းအရင်းများအား ဖော်ပြရာတွင် “ထူးကုမ္ပဏီများအုပ်စုသည် နိုင်ငံတဝန်းလုံး အထူးသဖြင့် လူနည်းစုလူမျိုးစုဒေသများမှ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့ကြသည့် အရပ်သားပြည်သူများအပေါ် အသုံးပြုခဲ့သည့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ဖြည့်တင်း ပေးခဲ့မှုများတွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့သည်”ဟု မှတ်ချက်ပြုခဲ့သည်ဟု Justice For Myanmar (JFM)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
William Bourdon နှင့် Lily Ravon တို့သည် ရေချယ်တေဇ အသုံးပြုသည့် Banca Nazionale del Lavoro ဘဏ် သို့လည်း အီးယူဒဏ်ခတ်ပိတ်ဆို့မှုများနှင့်
ယင်းတွင် အီးယူဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသည့် မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံးနှင့် တည်ဆောက်-လုပ် ကိုင်-လွှဲပြောင်း (ဘီအိုတီ) သဘောတူစာချုပ်ဖြင့် လုပ်ကိုင်သော Ayeyarwaddy Resorts and Lodges Company Limited လည်းပါဝင်သည်။ ၎င်းတို့၏ စီမံကိန်းများမှတစ်ခုသည် ရန်ကုန်ရှိ မြေဧရိယာ ၂၂ ဧကပေါ်တွင် ဆောင်ရွက်သော စီးပွားရေးဆိုင်ရာစီမံကိန်းဖြစ်
ရေချယ်က အီတလီနိုင်ငံမှနေ၍ ရှယ်ယာပိုင်ဆိုင်ထားပြီး၊ ဒါရိုက်တာအဖြစ်ဆောင်ရွက်နေသည့် အခြားကုမ္ပဏီ များမှာ Htoo Capital ကုမ္ပဏီလီမိတက်၏ ကုမ္ပဏီခွဲ Pegu Wood Company Limited နှင့် Htoo Tech CompanyLimited ၏ ကုမ္ပဏီခွဲ One Fibre Company Limited တို့ ဖြစ်သည်။ ယင်းကုမ္ပဏီနှစ်ခုလုံးသည် စစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပို
ရေချယ်သည် ယခုအခါ ဖျက်သိမ်းခဲ့ပြီးဖြစ်သည့် Myanmar Avia Export Company Limited တွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်တစ်ဦး ဖြစ်ခဲ့သည်။ ယင်းကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် ရုရှားစစ်လေယာဉ်များနှင့် အပိုပစ္စည်းများ တင်သွင်းထောက်ပံ့သည့် စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း Justice For Myanmar (JFM)၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုက ရေချယ်အား ထူးကုမ္ပဏီအုပ်စုတွင် ၎င်း၏ အခန်းကဏ္ဍနှင့် ထူးကုမ္ပဏီအုပ်စု၏ ဥက္ကဌဖြစ်သူ တေဇ၏ အရွယ်ရောက်သမီးဖြစ်မှုတို့ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့ မှုများ ချမှတ်ခဲ့သည်။ တေဇအား အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားသည်။
ရေချယ်၏ အစ်ကိုများဖြစ်ကြသည့် ပြည့်ဖြိုးတေဇနှင့် ထူးထက်တေဇတို့အားလည်း အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
ထူးအုပ်စုသည် စစ်လက်နက်များ ရောင်းချပေးအပ်မှုများအပြင် စစ်တပ်အတွက် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု
အီးယူအနေဖြင့် ရေချယ်တေဇအပါအဝင် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် စုဖွဲ့ထားသည့် ထူးအုပ်စုကွန်ရက် တစ်ခုလုံး အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ အလားတူ မြန်မာစစ်အုပ်စု ခရိုနီများနှင့် စစ်လက်နက်ပွဲစားအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆိုကြောင်း Justice For Myanmar (JFM)၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- Justice For Myanmar