ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့်တပ်သား ၂၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံဝင်ရောက်ခိုလှုံလာ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

ရခိုင်ပြည်နယ်နယ်စပ် မြန်မာစစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) မှ အဖွဲ့ဝင် ၂၉ ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ယနေ့ နံနက် ၉ နာရီခန့်က ထွက်ပြေးဝင်ရောက် ခိုလှုံလာကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ရေးသား ဖော်ပြကြသည်။

ရက္ခိုင့်တပ်မတော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ၎င်းတို့သည် ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ Jamchari နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ ခိုလှုံခဲ့ကြသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) လူထုဆက်ဆံရေးအရာရှိ Shariful Islam က ထိုသို့ ဝင်ရောက်လာမှုကို တနင်္လာနေ့ (မတ်လ ၁၁ ရက်) မွန်းလွဲပိုင်းက အတည်ပြုခဲ့သည်။

မြန်မာနယ်ခြားစောင့် အဖွဲ့ဝင် ၂၉ ဦးသည် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံလာခဲ့ကြောင်း၊  ယခုကိစ္စနှင့် ပတ်သက်ပြီး နောက်ထပ် လိုအပ်သည်များကို ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် သူတို့ကို လက်နက်ဖြုတ်ပြီး ဘေးကင်းလုံခြုံတဲ့ အမိုးအကာကို ခေါ်သွားခဲ့ကြောင်း ပြောဆိုသည်။

၎င်းမြန်မာနယ်ခြားစောင့် ၂၉ ဦးသည် မောင်တောမြို့နယ် အောင်သပြေနယ်ခြားစောင့် စခန်းမှ ဖြစ်ကြသည်ဟု သတင်းများတွင် ရေးသားဖော်ပြသည်။

ဖေဖော်ဝါရီ ၁၅ ရက် အစောပိုင်းတွင် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်၊ အကောက်ခွန်အရာရှိများ အပါအဝင် လူပေါင်း ၃၃၀ သည် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်နှင့် လက်နက်ကိုင် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး  နောက်ပိုင်းတွင် ၎င်းတို့အား ပြန်လည် ပို့ဆောင်ခဲ့သည်။

ကော့ဘဇားခရိုင်ရှိ တက်ကနက် နယ်စပ်တစ်လျှောက်တွင် မြန်မာနိုင်ငံအတွင်းမှ  ပစ်ခတ်မှုများနှင့် မော်တာကျည်များပစ်သံများကို  ဆက်တိုက်ဆိုသလို နှစ်ပတ် ကြားခဲ့ရသည်ဟု ဆိုသည်။

မြန်မာဘက်က ပစ်ခတ်နေသည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ် တက်ကနက် ဧရိယာမှပင် ကြားနေရသည်ဟုဆိုသည်။

“ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် အိမ်တွေ တုန်ခါနေပါတယ်။ နယ်စပ်ဖြတ်ကျော် လက်နက်ကြီးများ ဆက်လက်အသုံးပြုမှုတွေဟာ တက်ကနက် မြို့ခံတွေကို ကြောက်ရွံ့မှုဖြစ်စေတယ်။  လူထုတွေရဲ့ အလုပ်က  ရပ်တန့်သွားပါပြီ။ အလုပ်သမားတွေ အလုပ်မသွားနိုင်ဘူး။ နယ်စပ်နားက လူတွေက အိမ်အပြင်ကို ဂရုတစိုက်နဲ့ ထွက်သွားကြတယ်” ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ Ref and Photo: Ukhiya News

ဆက်စပ် သတင်းများ