Preview

နမ့်ခမ်းမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧကတစ်ထောင်ကျော်အား PSLF/TNLA ဖျက်ဆီး

မတ် ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :941
ပြည်တွင်း သတင်း

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ဘိန်းစိုက်ခင်း ဧကပေါင်း ၁၁၂၅ ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တပ်ဖွဲ့မှ သွားရောက်ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

(PSLF/TNLA) ၏  မတ်လ ၁၃ ရက် သတင်း ထုတ်ပြန်ချက်တွင် “တအာင်းပြည်နယ်နမ့်ခမ်းမြို့နယ်၊ တပ်မဟာ (၁)စစ်ဒေသရှိ  ဘိန်းစိုက်ခင်းများအား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ မတ်လ ၄ ရက်နေ့မှစတင် ပြီး ၁၂ရက်နေ့အထိ သွားရောက် ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းဘိန်းစိုက်ခင်းများသည် ကျေးရွာပေါင်း၁၅ ရွာမှ စိုက်ပျိုးထားသော ဘိန်းစိုက်ခင်းများဖြစ်ကြပြီး  ၉ ရက်ကြာအချိန်ယူဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိ၇သည်။

PSLF/TNLA တပ်ဖွဲ့ သည် တာကွမ့်ကျေးရွာတွင်ဘိန်းစိုက်ခင်း (၂၈၄ ဧက)၊ ရှောက်ကုန်းကန်တွင် (၁၆၄ ဧက)၊ မန်ပန်းတွင်(ထက်၊အောက်)(၁၅၇ ဧက)၊ ကန်ဖာဖိုတွင် (၁၅ ဧက)၊ အထက်ဆတန်းတွင် (၃၂ ဧက)၊ အောက်ဆတန်းတွင် (၂၇ ဧက)၊ပန်ဆေးတွင် (၁၅၉ ဧက)၊  ဆန်ချယ်တွင် (၅၇ ဧက)၊မန်မောင်းတွင် (၁၁၇ ဧက)၊ မန့်မိုင်တွင် (၁၄ ဧက)၊ လျောက်ပန်းကုန်းတွင် (၁၉ ဧက)၊ပုံစာတီတွင် (၁၀ ဧက)၊ ၁၂မိုင်တွင် (၃၅ ဧက)၊ ပါင်ဝိုတွင် (၁၀ ဧက)နှင့် မည်ခမ်းတွင်(၂၅ ဧက)  ဘိန်းစိုက်ခင်းများအား ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


၎င်းဒေသများသည် ယခင်က စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များထိန်းချုပ်ခဲ့သည့် နေရာဒေသဖြစ်ကြောင်းသိ၇သည်။

ထိုနေရာဒေသများတွင် PSLF/TNLA တပ်ဖွဲ့မှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ရရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တစ်ကြိမ်ဘိန်းစိုက်ခင်းများကို သွားရောက်ဖျက်ဆီးခဲ့ပြီး ၎င်းအချိန်က ဖျက်ဆီးနေစဥ်အတွင်း ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိ၇သည်။

PSLF/TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယခုနှစ် မတ်လတွင် ဘိန်းစိုက်ခင်းဖျက်ဆီးရေးလုပ်ငန်းများကိုလုပ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိနေသော ဘိန်းစိုက်ခင်းများကိုလည်းဆက်လက်ဖျက်ဆီးရေးလုပ်များကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိ၇ သည်။

ဓာတ်ပုံ- PSLF/TNLA

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.