သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ရန်ကုန်တွင် လူငယ်များကို ရပ်ကွက်ရုံးသို့ အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 8.4k

ခိုင်လူလှ (ရိုးမမြီ)

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည်ဟုဆိုကာ ရပ်ကွက် ရ၀တရုံးသို့ အစည်းအဝေးခေါ်ယူပြီး အတင်းအဓမ္မ စစ်သားစုဆောင်းမှုများရှိနေကြောင်း ကာယကံရှင် လူငယ် ဖခင်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။  

“ မနက် စောစော အိမ်ကို စာတစ်စောင်ရောက်လာပါတယ်။ ကျွန်တော်သားနာမည်နဲ့ပါ။ ရဝတ ရုံးက ခေါ်စာဆိုတော့ မိဘဆိုတော့စိတ်ပူသွားပါတယ်။ ဒါနဲ့ သွားကြည့်လိုက်တော့ သားကို ၂ နှစ် စစ်မှု ထမ်းရမယ်လို့ ပြောပါတယ်” ဟု သားရှင်ဖခင်တစ်ဦးက​ ပြောသည်။

သင်တန်း ၆ လ အပါအဝင် တာဝန်ထမ်းဆောင်ရမည့် အချိန် ၂ နှစ်ဟု ပြောဆိုကြောင်း၊ သားကို ယခုလို စစ်မှုထမ်းခိုင်းမည်ဆို၍ အထူးစိုးရိမ်မိကြောင်း ၎င်းက ပြောကြားသည်။

“ ဟို ရ၀တရုံးကို ရောက်တော့ သိလိုက်ရတာက မဖြစ်မနေ စစ်မှုထမ်းရမှာတဲ့ ကျွန်တော်သားကို။ သင်းတန်းကာလ ၆ လ၊  သင်တန်းပြီး ၁နှစ်နဲ့  ၆ လ တာဝန်ထမ်းဆောင်ရမယ်တဲ့။  ပေါင်း ၂ နှစ်လို့ ပြောပါတယ်။  သင်တန်းကာလမှာ တစ်လ လခ ၄၇၀၀၀၀ ပေးမယ်တဲ့။ အခု သားအတွက် ကျွန်တော်တို့ အထူးစိုးရိမ်နေရပါတယ်။ သားရှင်တွေ အကုန်လုံး အထူး အခက်အခဲဖြစ်နေကြရပါပြီ” ဟု ၎င်းက ပြောဆိုသည်။

ယခုကဲ့သို့ စစ်မှုထမ်းရန် ခေါ်ယူနေသည်မှာ ရပ်ကွက်အတွင်းရှိ အရွယ်ရောက်သူ အားလုံးကို ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ