အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် တစ်ရက်တည်းအတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 404

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ၊ မတ် ၂၁/၂၀၂၄

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီမြို့တွင် မတ်လ ၁၉ ရက် တရက်အတွင်း  တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးမိကြောင်း ကန်ချနဘူရီနယ် ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

မတ်လ ၁၉ ရက် နံနက် အစောပိုင်းမှစတင်ပြီး ကားမောင်းသူ မြန်မာနိုင်ငံသားနှင့်အတူ မြန်မာ ၂၀ ဦးကိုဖမ်းဆီးခဲ့ပြီး ထောင်ပါပူးစစ်ဆေးရေးဂိတ်မှ ၃၃ ဦး ထပ်မံဖမ်းဆီးခဲ့သည်။ ၎င်းနောက်  နောင်လူကျေးရွာအတွင်း ပုန်းအောင်းနေသည့် မြန်မာ ၅၀ ကျော်အား နယ်ခြားစောင့်တပ်များမှ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကန်ချနဘူရီနယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။


ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်းရှိ စံခလဘူရီရဲစခန်း၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ ၁၃၄ ကရဲတပ်ဖွဲ့ဝင်များ၊ အထူးတပ်ဖွဲ့စု နယ်ခြားစောင့်အဖွဲ့များ၊ စံခလဘူရီခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူများပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသူများအားဖမ်းဆီးရန် စစ်ဆေးရေး ဂိတ်ချထားစဉ် မြန်မာနိုင်ငံသား များအားထိုသို့ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီ နယ်စပ်တွင် အဆက်မပြတ် ၀င်ရောက်လာကြသည့်  မြန်မာ ၁၀၀ ခန့် ကို  ဦးဆောင်ခေါ်လာသော ပွဲစားများသာ်  ၎င်းတို့၏ ကားများကို စွန့်ပစ်ကာ အမှောင်ထုကို ဖြတ်ကျော် ထွက်ပြေး လွတ်မြောက်ခဲ့သွားကြောင်း ကန်ချနဘူရီနယ် ခြားစောင့်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင်ပါရှိသည် ။


ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းပိုင်းတွင် သွားရောက် အလုပ်လုပ်ကိုင်မည့်သူများဖြစ်ပြီး ယာဉ်မောင်းနှင့် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး သံသယရှိသူများအား ရဲဌာနသို့ ပို့ဆောင်ခဲ့ကာ တရားစွဲဆိုခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး အတင်းအကြပ် စစ်သားစု ဆောင်းနေသောကြောင့် မြန်မာကလူငယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာနေကြကြောင်း သိရသည်။

ဓာတ်ပုံ-Kanchanaburi regional news

ဆက်စပ် သတင်းများ