ဗုဒ္ဓဟူး၊ ဇူလိုင်လ ၁၇ရက်၊ ၂၀၂၄

မွန်အမျိုးသမီးများနေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အချက် ၃ ချက်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 672

လူထက်နိုင်(ဒွာရာမြီ)၊နိရဉ္စရာ၊ မတ် ၂၁/၂၀၂၄

မတ်လ (၂၁)ရက်နေ့ တွင်ကျရောက်သော မွန်အမျိုးသမီးများနေ့တွင် အချက် ၃ ချက်အား မွန်ပြည် ဖက်ဒရယ်ကောင်စီမှတောင်းဆိုကြောင်း ကြေညာချက် ုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက် ဆန္ဒပြမှုများ ထွက်ပေါ်ပြီးနောက် ထောင်သွင်းခြင်း၊ ညှင်းပမ်းရိုက်နှက်ခြင်း၊ နိုင်ထက်စီးနင်းနှိပ်စက်ခြင်း၊ မြို့တွင်း၌ အဓမ္မပစ်ခတ်ခြင်း၊ အမျိုးသမီး ခလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အခြေခံ လူ့အခွင့်အရေးများ ချိုးဖောက်ခံရမှုများကို ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရသည်ဟု ဖော်ပြသည်။

သို့ပါသောကြောင့် တိုင်းရင်းသားမောင်နှမ ပြည်သူများ အနေဖြင့် အကြမ်းဖက်မှုများမှ ရှောင်လွှဲနိုင်ရန် အိုအိမ်များ စွန့်ပစ်ပြီး နေ့စဉ် စစ်ဘေးရှောင်မှု ရှိလာခဲ့သည်ဟု ဆိုသည်။

အရေးအကြောင်းနှင့် ရင်ဆိုင်ရသည့် အချိန်တိုင်း အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို များသည် ဘေးဒုက္ခကို အထူးရင်ဆိုင်ကြရပြီးမြန်မာအကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူခြင်းကြောင့် ပြည်သူတို့ မခံမရပ်နိုင်၍ တော်လှန်မှုကို စတင်ခဲ့ကြသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ ထောင်သွင်း အကျဉ်းချမှုများ ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

မွန်အမျိုးသမီးများ၏ ဘဝရပ်တည်မှု တိုးတက်မြင့်မားရန်၊ ခေါင်းဆောင်မှု အခန်းကဏ္ဍနှင့် နိုင်ငံရေး ဦးဆောင်မှုတွင် အမျိုးသမီးများ ပါဝင်မှု ပိုမိုသေချာစေရန် ဦးတည်ပြီး လုပ်ငန်းစဉ်များ ချမှတ် ဖော်ဆောင်ခဲ့ကြောင်းလည်းသိရသည်။


ယနေ့ ပြည်ထောင်စုတွင် ဖြစ်ပေါ်နေသည့် အခြေအနေသည် အမျိုးသမီးနှင့် ကလေးသူငယ်များသည် ဘေးဒုက္ခမျိုးစုံကို ကြုံတွေ့ခံစားနေကြရပြီး စစ်ရှောင် နေကြရသည်ကို မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပြီး ကဏ္ဍအသီးသီး တွင် အမျိုးသမီးများ ခေါင်းဆောင်မှုတွင် ပါဝင် လာနိုင်ရန်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထုတ်ပြန်ချက်အထဲတွင် တောင်းဆိုသည့် အချက် ၃ ချက်မှာ အာဏာရှင်မှန်သမျှကျဆုံးရေး၊ ဖက်ဒရယ်စနစ်နှင့် ပြည့်စုံပြီး တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီသည့် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တရပ်အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းပေးရေးနှင့်  လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုကို အမြန်ဆုံး ရပ်တန့်ပေးရန်နှင့် ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေးအတွက် တာဝန်ခံမှု အပြည့်အဝ ရှိရေးတို့ဖြစ်သည်။

မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအားလုံး ငြိမ်းချမ်းမှုနှင့် ပြည်စုံသည့် လူနေမှုဘဝကို ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဆုမွန်ကောင်းတောင်းထားသည်။



 ဓာတ်ပုံ- လွတ်လပ်သောမွန်သတင်း အေဂျင်စီ

ဆက်စပ် သတင်းများ