အိမ်စိုးဖြူ၊ နိရဉ္ဏရာ၊ မတ် ၂၂/ ၂၀၂၄
ရန်ကုန်- မြ၀တီကားလမ်းပိတ်မည့် သတင်းကြောင့် ကားခဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့ မတ်လ ၂၁ ရက်နေ့က အဆိုပါကားလမ်းပိတ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ယနေ့မတ်လ ၂၂ ရက်နေ့တွင် ကားလက်မှတ်တစ်စောင်ကို ကျပ်တစ်သိန်းမှ နှစ်သိန်းခွဲအထိ ပေးဝယ်နေကြ၇ကြောင်း ခရီးသွားများက ပြောသည်။
ရန်ကုန်မှ မြ၀တီသို့သွားသည့် ခရီးသွားအမျိုးသမီးတစ်ဦးက " ကျွန်မတို့ အဒေါ်မနေ့က မြ၀တီကို တက်လာတာ ခြောက်သောင်းပေးဝယ်ခဲ့၇ပြီး ဒီနေ့ ညီမလေးတစ်ယောက်တက်လာတာ တစ်သိန်းပေး၇တယ်။ ကားလမ်းတွေပိတ်မယ်လို့သတင်းကြား
၎င်းအပြင် ရန်ကုန်- မြ၀တီခရီးသွားဝန်ဆောင်မှုလုပ်ပေးနေသူတစ်ဦးကလည်း ကားလမ်းပိတ်မည့်သတင်း လူမှုကကွန်ရက်တွင် ပြန့်လာနေပြီနောက်နေ့တွင် ကားခဈေးနှုန်းများ မြှင့်တက်လာနေကြောင်းအတည်ပြု ပြောဆိုသည်။
အချို့အဆင့်မြှင့်ကားများဖြင့် သွားလာလိုသူများကို ကားခဈေးနှုန်းများမှာ ကျပ်တစ်သိန်းမှ နှစ်သိန်းခွဲအထိ ရောင်းချနေသူများ ရှိလာနေကြောင်း မြ၀တီမြို့သို့ ခရီးသွားနေသည့် ခရီးသွားပြည်သူတချို့၏ ပြောပြချက်အရသိ၇သည်။
မြ၀တီမြို့မှ ရွှေမျှားကားဂိတ်တာဝန်ရှိသူက " ကားလမ်းပိတ်မယ်ဆိုတာ လိုင်းပေါ်မှာ ပြောနေကြတာပါ။ ကျွန်တော်တို့ဆီမှာတော့ ခုနှစ်သောင်းလောက်ပဲရှိပါတယ်။ ဈေးကြီးတဲ့ဟာက ကြားပေါက်ကားတွေလို့ကြားတယ်" ဟုပြောသည်။
သို့ရာတွင် မြ၀တီမှ ရန်ကုန်သို့ အပြန်ကားလက်မှတ်များမှာ ယခင်ရက်များက ဈေးနှုန်းဖြစ်သည့် ၆ သောင်းကျပ် ဝန်းကျင်ခန့်ဖြင့် ပုံမှန်ရောင်းချပေးနေကြောင်း နောက်ထပ်ခရီးသွားဝန်ဆောင်မှုလု
ရန်ကုန်- မြ၀တီကားလမ်းကို နေ့စဉ်ကားအစီးရာနှင့်ချီသွားလာ