လူထက်နိုင်(ဒွာရာမြီ)/နိရဥ္စရာ ၊ မတ် ၂၄ / ၂၀၂၄
ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင် (ကေအဲန်ယူ−ကရင်အမျိုးသားစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်) ရှိကျေးရွာများအား အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၂ လုံး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့်ချီသော ဒေသခံများထွက်ပြေးနေ၇ကြောင်း KNU ဗဟိုမှ မတ် ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကျေးရွာပေါင်း (၃၀) မှ ပြည်သူလူထုစုစုပေါင်း (၁၈၄၂၂) ဦးထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊မီးရှိုဖျက်ဆီးမှုများကြောင့် နေအိမ် (၄၂) လုံးထက် မနည်းမီးလောင်ပြာ ကျခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကေအဲန်ယူ−မူးမြို့နယ်အုပ်ချုပ်နယ်မြေ စဝင်ကျေးရွာနှင့် ကျွန်းတောကျေးရွာတို့အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူလူထုပိုင် နေအိမ်များအား မတ်လ (၁၄) ရက်နေ့တွင်း မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စဝင် ကျေးရွာမှ နေအိမ် (၃၅) လုံး နှင့် ကျွန်းတောကျေးရွာမှ နေအိမ် (ရ) လုံး မီးလောင်ပျက်စီးခဲ့ရကြောင်းသိ၇သည်။

မတ်လ (၂၀) ရက်နေ့တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ရေလဲကရင် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကိုလုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်နေရာယူထားသည့်အတွက် နေအိမ်ပျက်စီးမှုစာရင်းကိုမူ ကောက်ခံနိုင်ရန် ကြန့်ကြာလျှက်ရှိကြောင်းသိ၇သည်။
၂၀၂၄ ခုနှစ် မတ်လအတွင်း မူးမြို့နယ်၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထု များအား ပစ်မှတ် ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ် တိုက်ခိုက် ခြင်း၊ ကျေးရွာများ အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း တို့ ကြောင့် တံခွန်တိုင်၊ ရေတွင်းကုန်းလေး၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ အုန်းပင်စု၊ ငနွားဆိပ်၊ အညာစု၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရေလဲ (ကရင်)၊ ရေလဲ (ဗမာ)၊ ရေလဲ (အနောက်)၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး၊ ရွာကြီးအင်း၊ ကျွန်းကုန်း၊ တောင်စု (ရှေ့)၊ တောင်စု (နောက်)၊ တမာခေါ၊ ထွနီကုန်း၊ ဒုံးတို၊ လက်တက်ကြီး (ကရင်)၊ လက်တက်ကြီး (ဗမာ)၊ သင်္ကန်းဝင်း၊ ဝက်တူး (နောက်)၊ ကျေးပင်ပေါက် နှင် ကွေ့ပင်ပေါက် တို့ရှိ အိမ်ခြေစုစုပေါင်း (၃၁၃၅) လုံးမှ ပြည်သူလူထုစုစုပေါင်း (၁၈၄၂၂) မှာ အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရ ကြောင်းသိ၇သည်။
ဓာတ်ပုံ- KNU