ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေသဖြင့် ဘင်္ဂလာ နယ်စပ်တစ်လျှောက် သေနတ်ပစ်ခတ်ပေါက်ကွဲသံများ ကြားနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 747

နိရဉ္စရာ (ဘာသာပြန်သတင်း) မတ် ၂၆/၂၀၂၄

မြန်မာစစ်ကောင်စီတပ်များနှင့် ရခိုင်တပ်တော်(AA)တို့ နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသဖြင့် တစ်ပတ်ကြာ ငြိမ်သက်နေခဲ့သော ဘင်္ဂလားဒေ့ရှ် နတ်မြစ်တစ်လျှောက်တွင် ပေါက်ကွဲသံများ၊ သေနတ်ပစ်ခတ်သံများကို ထပ်မံ ကြားနေရသည်ဟု ဘင်္ဂလားဒေ့ရှ် ဒေးလီးစတား သတင်းစာက ရေးသားဖော်ပြလိုက်သည်။

ကော့ဘဇားခရိုင်၊ တက်ခ်နက်မြို့နယ် ဒေသခံများ​၏ ပြောကြားချက်အရ ယမန်နေ့က ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီး ပစ်ခတ်မှုများသည် ငါးနာရီကြာပြီး နံနက် ၃းဝဝ နာရီကျမှ ရပ်စဲသွားသည်ဟု သိရသည်။

" သေနတ်သံတွေက နယ်စပ်နဲ့ အလှမ်းဝေးတဲ့ ကျနော့်အိမ်က ကြားနေရတယ်။ ခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် နယ်စပ်တစ်လျှောက် နေထိုင်တဲ့ လူတွေရဲ့ နေ့တဓူဝ အလုပ်အကိုင်တွေကို ထိခိုက်စေပါတယ်။ လယ်သမားတွေရော၊ ငါးဖမ်းလုပ်သားတွေပါ အသက်အန္တရာယ်စိုးရိမ်ရလို့ အပြင်မထွက်ရဲကြတော့ဘူး" ဟု နယ်စပ်ဒေသ ဝါးခွပ်ချောင်း တိုက်နယ် လက်အောက်ရှိ ရပ်ကွက်(၆)အဖွဲ့ဝင် ကာဘီယာ အာမက်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ အမှတ် ၂ တပ်ရင်းမှ တပ်မှူး ဒု-ဗိုလ်မှူးကြီး မိုဟူဒင်အာမက်က လက်ရှိအခြေအနေကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို လုံခြုံရေးခြိမ်းခြောက်လာနိုင်သည့် အနေအထားနှင့် နယ်မြေထဲ့သို့ စိမ့်ဝင်လာနိုင်သည့် အနေအထားများကြောင့် အသင့်ရှိနေရန် တပ်လှန့်ထားသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း တောင်ပြိုနယ်စပ်တွင် ဖြစ်ပွားသော စစ်ကောင်စီ နှင့် ရက္ခိင့်တပ်တော်တို့ တိုက်ပွဲများကြောင့် မြန်မာစစ်ကောင်စီ နယ်ခြားစောင့်တပ်အဖွဲ့ဝင်များသည် ဘင်္ဂ လားဒေ့ရှ်နယ်မြေထဲ ပြေးဝင်ခိုလှုံမှုရှိခဲ့ပြီး ၎င်းတို့ကို စောင့်ရှောက်ကာ ပြန်ပို့ပေးခဲ့ရသည်။

မြန်မာစစ်ကောင်စီနှင့် ရခိုင့်တပ်တော် (AA) တို့​၏ နယ်စပ်တစ်လျှောက်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေတွင် ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့ပြီး ဖေဖော်ဝါရီက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာဘက်ခြမ်းမှ မော်တာကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရသည်။ Ref: the daily star

ဆက်စပ် သတင်းများ