စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6.5k

အေးမြတ်ခိုင်/နိရဉ္စရာ၊ မတ်လ ၂၇/၂၀၂၄

ရန်ကုန်မြို့ ၊ ဆူးလေဘုရားအနီး တော်ဝင်ဂုန်းကျော်တံတားအောက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

‌ယနေ့ ည ၇ နာရီ ၄၀ မိနစ်တွင် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်များနှင့် မိန်းကလေးငယ် တစ်ဦး အပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"ကျနော် ရောက်သွားတော့ မိန်းကလေးငယ်တစ်ယောက်နဲ့ အမျိုးသားကြီးတစ်ယောက် လဲနေတာကို တွေ့တယ်။ မွတ်ဆလင်တွေလည်း ပါတယ်ဗျ။ ဒဏ်ရာကပြင်းတယ်လို့ ထင်ရတယ်။ ကျန်တဲ့ ၃ ယောက်ကိုတော့ ဆေးရုံကို ယူသွားကြပြီလို့ပြောကြတယ်။ အဲ့ဒီအထဲမှာလည်း ကလေးတွေ ပါတယ် "ဟု ပြောသည်။

လက်ရှိမှာ လူနာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လမ်းများကို ပိတ်ဆို့ကာ စစ်ဆေးမှုများ တင်းကျပ်လျက်ရှိကြောင်း သိရသည်။

(ဓာတ်ပုံ-ပေးပို့)

ဆက်စပ် သတင်းများ