တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရန်ကုန်ကနေဒါသံရုံးက စစ်ကောင်စီတပ်မတော်နေ့တွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို အပြင်းထန်ဆုံးရှုတ်ချကြောင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 7.1k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ မတ် ၂၇/၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက စစ်ကောင်စီ၏ (၇၉) နှစ်မြောက် တပ်မတော်နေ့တွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား အပြင်းထန်ဆုံး ရှုတ်ချကြောင်း ထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်ထဲတွင် “မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက် ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချကြောင်း”  ဖော်ပြသည်။

စစ်တပ်၏ အခန်းကဏ္ဍမှာ ပြည်သူများကို စောင့်ရှောက်ရန်နှင့် တိုင်းပြည်ကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်သည် ၎င်းတာဝန်များကို ထမ်းဆောင်ရန် ဆက်လက် ပျက်ကွက်နေသည်။

“နေအိမ်များ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနှင့် ဝတ်ပြုရာနေရာများ အပါအဝင် အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကို တမင်ပစ်မှတ်ထားတိုက်ခိုက်ခြင်းအပြင် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းကို ကျွန်ုပ်တို့ ရှုတ်ချပါသည်။ ရိုဟင်ဂျာတွေအပါအဝင် ထိခိုက်လွယ်သူတွေကို ဘေးကင်းရာကို ပြောင်းရွှေ့ခွင့်ပြုဖို့ စစ်အစိုးရက ငြင်းဆန်ခဲ့တာကို လုံးဝလက်မခံနိုင်ပါဘူး” ဟု ဖော်ပြသည်။

စစ်တပ်ကို ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကျူးလွန်ခြင်းအား ရပ်တန့်ရန် ထပ်မံတောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအား လက်နက်များ၊ စစ်တပ်ဆိုင်ရာ ကိရိယာများ၊ စစ်ဘက်-အရပ်ဘက်သုံး ကိရိယာများ၊ လေယာဉ်ဆီနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးနေခြင်းကို ချက်ချင်း ရပ်တန့်ရန် နိုင်ငံများ အားလုံးကို တိုက်တွန်းအပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယနေ့တွင် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျသော၊ အားလုံး ပါဝင်သော အနာဂတ်မျှော်မှန်းချက်များနှင့် ကျွန်ုပ်တို့ တစ်သားတည်းရှိကြောင်း ဖော်ပြထားသည်။

“ဒီနေ့မှာတော့ မြန်မာပြည်သူတွေနဲ့ စည်းလုံးညီညွတ်မှုရှိပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနဲ့ အားလုံး ပါဝင်နိုင်တဲ့ အနာဂတ်အတွက် သူတို့ရဲ့ မျှော်မှန်းချက်တွေကို ထပ်လောင်းအတည်ပြုပါတယ်။”

ဆက်စပ် သတင်းများ