စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကရင်ပြည်နယ် ဖာပွန်မြို့ကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းလိုက်ပြီဟု သတင်းထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(မြို့ထဲ တော်လှန်ရေးတပ်ဖွဲ့များထိုးဖောက်ဝင်ရောက်သွားပြီဟု KNUအတည်ပြု )

လူထက်နိုင်(ဒွာရာမြီ)/ နိရဥ္စရာ ၊ မတ် ၂၈ / ၂၀၂၄

ကရင်ပြည်နယ် ဖာပွန်မြို့အား ကရင်အမျိုးသားတပ်မတော် (KNLA) နှင့်  တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ မတ် ၂၈ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများထွက်ပေါ်နေသည်။

 

ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သိမ်းတာထက် မြို့တွင်းကို ဝင်ရောက်သွားပြီဟု  နိရဥ္စရာ သို့အတည်ပြုပြောကြားသည်။

 

“ သိမ်းတာထက်ကို မြို့တွင်းထဲမှာရောက်နေတဲ့ အခြေအနေပါ။ အဲ့လောက်ပဲပြောလို့ရပါတယ်ဟု ပဒိုစောကလယ်စေး မှ ပြောသည်။

 

ဖာပွန်မြို့ရှိ ရပ်ကွက် ၁၊၂၊၃၊၄နှင့် အနောက်ဘက်ကမ်းတွင်းတွင် တော်လှန်ရေးတပ်များမှ ဝင်ရောက်နေရာယူထားပြီး စစ်ကောင်စီတပ်သားများသည် ဖာပွန်အောက်ဘက်ရှိ ဗျူဟာကုန်းသို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

 

လေကြောင်းပစ်ကူနဲ့ ဝေါလေဗျူဟာကုန်းကနေ ၁၂၂ နဲ့ ကာပစ်ပစ်နေလို့သာ ခံသာနေခြင်း ဖြစ်ပါတယ်။ဖာပွန် မြို့ထဲထိ ဖထီးတို့ ၀င်ရောက်နိုင်ပါပြီ။ဇာသပြင်လမ်းကြောက တက်လာတဲ့ စကစ စစ်ကူ စစ်ကြောင်း ပလုံပါတော့မယ်ဟုCDM ဗိုလ်ကြီ ဇင်ယော်မှ မတ်လ ၂၈ ရက်တွင် လူမှုကွန်ရက်တွင်ရေးသားထားသည်။

 

ဖာပွန်မြို့အား KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မတ်လ ၂၆ရက်နေ့ညနေမှစတင် တိုက်ခိုက်နေခြင်းဖြစ်ပြီးဖာပွန်မြို့စစ်ဆင်ရေး မစတင်ခင်ကတည်းက ဗျူဟာအပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးမှုရှိကြောင်းသိရသည်။

 

ဖာပွန်မြို့ ရှိ ဗျူဟာကုန်းနှင့်၁၉တပ်ရင်းအား KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ဆိုသည်။

 

ဖာပွန်သည် စစ်ကောင်စီထိန်းချုပ်ထားသော ကရင်ပြည်ရှိ အရေးပါသောမြို့တမြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ခင် ဒေသခံများအား ထွက်ခွာရန် KNUဘက်မှ သတိပေးထားသော်လည်း မြို့တွင်းမှ မထွက်ဘဲကျန်နေသည့် အရပ်သားတချို့မှာ မတ်လ ၂၇ရက်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများရှိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြကြသည်။

 

ဓာတ်ပုံ - KIC

ဆက်စပ် သတင်းများ