စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ခြောက်ဆယ်ကျော် သေဆုံးပြီး သေဆုံးမှုအများဆုံးမှာ ရခိုင်ကဖြစ်ကြောင်း AAPP ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 322

လူထက်နိုင်(ဒွာရာမြီ)၊ နိရဥ္စရာ ၊ မတ် ၂၈ / ၂၀၂၄

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်၏  လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခိုက်မှုများအပါအဝင် တခြား တိုက်ခိုက်မှု ကြောင့်  မတ်လအတွင်း အမျိုးသမီး (၆၁) ဦး သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှ အများဆုံးပါဝင် ဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်း အချက်အလက်များ အရ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆၁) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၆) ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၁၀) ဦး ပါဝင်ကြောင်းသိရသည်။

အဆိုပါ (၆၁) ဦးအနက် ရခိုင်ပြည်နယ်မှာ (၂၂) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ (၂၉) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။


ယခုမတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသုံးဦး အပါအဝင် အရပ်သား၂၀  သေဆုံးခဲ့ကြောင်း၊ ပြည်သူများသည် ကြောက်မက်ဖွယ် အကြမ်းဖက်မှုများအား ခံစားနေရကြောင်း ဗြိတိန်အစိုးရ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan  မှမတ်လ ၂၇ ရက်နေ့တွင် UK in Myanmar  မှတဆင့်ပြောကြားထားသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၇၉၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AAPP နှင့် Citizen Journalist

 

ဆက်စပ် သတင်းများ