စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

လေးကေ့ကော်ဒေသရှိ စစ်ကောင်စီ၏ ရေကန်ကုန်းစခန်းအား တော်လှန်ရေး ဒရုန်းအဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 318

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ၊ ဧပြီ ၂ / ၂၀၂၄

ကရင်ပြည်နယ် လေးကေ့ကော်ဒေသရှိ စစ်ကောင်စီ၏ ရေကန်ကုန်းစခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA ဦးဆောင် သည့် တော်လှန်ရေး ဒရုန်းတပ်ဖွဲ့များမှ တိုက်ခိုက် သိမ်းပိုက် လိုက်ကြောင်း ဧပြီ ၁ ရက်နေ့တွင် Federal Wings တပ်ဖွဲ့မှ ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

“ ငါတို့ ကော်ဘရာဗိုလ်ကြီးတွေ ဒီလောက်သဘောကောင်းနေတာတောင်မှ အေးဆေး မပူးပေါင်း ချင်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ရေကန်ကုန်းစခန်းသည် KNU တပ်မဟာ ၆ နယ်မြေ လေးကော့ကော်ဒေသတွင်တည်ရှိပြီး ထိုစခန်းအား  တော်လှန်ရေးတပ်များဖြစ်သည့် Federal Wings ၊ Cobra  Column/ KNDO FW ဒရုန်းတပ်ဖွဲ့များမှ မတ်လ ၃၁ ရက်နေ့ တွင် စတင်တိုက်ခဲ့ပြီး ဧပြီ ၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ရှိ စစ်တပ်၏ ရေကန်ကုန်းစခန်းကို KNLA ဦး ဆောင် သော တော်လှန်ရေးတပ်များမှ သိမ်းလိုက်ပြီး စစ်သားတချို့၏အလောင်းများနှင့် ခဲယမ်းတချို့ ရရှိကာ စစ်သားအများစု ထွက်ပြေးသွားကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

လေးကေ့ကော်ဒေသအား အဓိက ကာကွယ်ထားသည့် စစ်ကောင်စီ တပ်စခန်းဖြစ်သော ရေကန်ကုန်းစခန်းအား သိမ်းပိုက်နိုင်ခဲ့သောကြောင့်  လေးကေ့ကော်မြို့အား တော်လှန်ရေးတပ်များမှ ထိန်းချုပ်ကာ လေးကေ့ကော်မြို့ထဲအထိ နယ်မြေ ပြန်လည် စိုးမိုးထားပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- Federal Wings


ဆက်စပ် သတင်းများ