Preview

စစ်ကောင်စီဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့ နေပြည်တော်တွင်တွေ့ဆုံ

ဧပြီ ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :986
ပြည်တွင်း သတင်း

(တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိဟုဆို)

နိရဉ္စရာ၊ ဧပြီ ၂/၂၀၂၄ 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် H.E.Mr. Deng Xijun တို့သည် ဧပြီ ၁ ရက်  နံနက်ပိုင်းတွင် နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။

ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်း ရေးအတွက် နိုင်ငံတော်မှတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိသကဲ့သို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ အနေဖြင့်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြသည်။

၎င်းပြင် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှုများနှင့်အွန်လိုင်းလိမ်လည် မှုများ ပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။  

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.