စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ကယန်းဒေသတွင် KNEC မှ ဦးဆောင်၍ ကျောင်းပေါင်း ၁၂၉ ကျောင်းဖွင့်လှစ်သွားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 274

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ၊ ဧပြီ ၂ / ၂၀၂၄

ကယန်းဒေသတွင် ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) မှ ဦးဆောင်၍ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို အကောင်အထည်ဖေါ်နေပြီး ကျောင်းပေါင်း ၁၂၉ ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း KNEC မှသိရသည်။

“ဆရာဆရာမ (၈၅၀) ကျော် နှင့် ကျောင်းသားကျောင်းသူ (၁၁၀၀၀ ကျော်) ကိုတာဝန်ယူ အကောင်အထည်ဖေါ်လျှက်ရှိပါသည်။ လာမည့်စာသင်နှစ်တွင် ကယန်းအမျိုးသား ကောလိပ်ထူထောင်ဖွင့် လှစ်ရန် လည်း ဆောင်ရွက်လျှက်ရှိပါသည်” ဟု သင်ကြားရေးနည်းစနစ်များ ကို သင်တန်းပေးနေသည့် နွေဦးဆရာတတ်သင်အဓိပတိ ဟောင်းဒေါက်တာသိန်းလွင် မှ ဧပြီ ၁ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့်ပြောကြားထားသည်။

ရပ်ရွာအခြေပြုဖွင့်လှစ်သော မူလတန်းအဆင့် (၁၀၄) ကျောင်း၊ အလယ်တန်းအဆင့် (၁၇) ကျောင်း၊ အထက်တန်းအဆင့် (၈) ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ 

ကယန်းဒေသမှ ဆရာဆရာမ (၂၁) ဦးနှင့် ဝေဖန်ပိုင်းခြားစဉ်းစား သောစာသင်ခန်းများ တွင်သင်ကြားသောနည်းစနစ်များ (နည်းပြဆရာသင်တန်း) ကို ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ဧပြီ ၁ရက်နေ့တွင် စတင်နေပြီး ၁၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း KNEC မှထုတ်ပြန်ထားသည် ။ 

ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ဒေါက်တာသိန်းလွင် ဦးဆောင်သင်ကြားပို့ချသည့် ( RWCT - TOT ) နည်းပြဆရာသင်တန်းတွင် KNEC ပညာရေးဝန်ထမ်း ဆရာ/ဆရာမ(၂၁)ဦး တက်ရောက်သင်ယူနေကြောင်းသိရသည်။

လာမည့် ပညာသင်နှစ်တွင် ကယန်းအမျိုးသားကောလိပ်/တက္ကသိုလ် ဖွင့်လှစ်သွားမည် ဖြစ်သောကြောင့် အဆင့်မြှင့်ပညာကျောင်းများတွင် ပြန်လည်သင်ကြားရန် ရည်ရွယ်ပြီး သင်ကြားနည်းစနစ် နည်းပြဆရာသင်တန်းအား ဖွင့်လှစ် သင်ကြား နေခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ- KNEC



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!