ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

ယခုနှစ်တွင် မြန်မာမှ ဉာဏ်ရည်မသန်စွမ်းကလေး ၁၈,၀၀၀ ကျော်အတွက် အကူအညီများပေးနိုင်ရန် UNICEF ရည်မှန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 212

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၃ / ၂၀၂၄

မြန်မာနိုင်ငံရှိ ဉာဏ်ရည်မသန်စွမ်း ကလေး ၁၈,၀၀၀ ကျော်အတွက် ၂၀၂၄ ခုနှစ်တွင် အကူအညီများပေးနိုင်ရန် UNICEF မှရည်မှန်းထားကြောင်း ဧပြီ ၂ရက်နေ့ ကမ္ဘာ့အော်တစ်ဇင် (Autism)  အထိမ်းအမှတ်နေ့တွင် ထုတ်ပြန်ထားသည်။

“ယူနီဆက်ဖ်ရဲ့ ၂၀၂၄ ခုနှစ် ရည်မှန်းချက်ကတော့ မသန်မစွမ်း၊ ဉာဏ်ပညာ ချို့တဲ့နေတဲ့ကလေး ၁၈,၀၀၀ ကျော်အတွက် လိုအပ်တဲ့ ထောက်ပံ့မှုအကူအညီတွေပေးနိုင်ဖို့ပဲဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကလေးတိုင်းသည် ၎င်းတို့၏ မတူညီမှုများကို နားလည်လက်ခံပေးသည့် ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ခွင့်ရသင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ ၂၀၂၃ ခုနှစ် မှာ ယူနီဆက်ဖ်အနေနဲ့ ဥာဏ်ပညာ ချို့တဲ့တဲ့ကလေး (သို့) အထူးလိုအပ်ချက်ရှိနေတဲ့ ကလေး အယောက် ၁၇၂၀ အတွက် လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ ထောက်ပံ့မှုတွေပေးနိုင်ခဲ့ပါတယ်” ဟု UNICEF Myanmar မှထုတ်ပြန်ထားသည်။


၂၀၂၃ ခုနှစ်တွင် ယူနီဆက်ဖ်သည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဌာနနှင့် ဥရောပသမဂ္ဂကဲ့သို့ မိတ်ဖတ်အဖွဲ့ အစည်းများ နှင့်အတူ ပဋိပက္ခဒဏ်ခံစားနေရသည့် ကလေး ၂ သိန်းကျော်အပါအဝင် လူထု ၆ သိန်းကျော်အတွက် ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ဝန်ဆောင်မှုများ ဖြန့်ဝေထောက်ပံ့နိုင်ခဲ့ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်တွင်လည်း လူသူပေါင်း ၈၅၀,၀၀၀ အတွက် လိုအပ်သည့် ရေနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ထောက်ပံ့မှုများပေးနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- UNICEF Myanmar

ဆက်စပ် သတင်းများ