တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

အမ်းအနောက်ပိုင်းတိုင်းမှ စစ်ကောင်စီတပ်သားများထွက်ပြေးနေ၊ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၆ ဦးအား PRA ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.8k

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ၊ ဧပြီ ၃ / ၂၀၂၄

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးနေကြပြီ ထိုအထဲက ထတပ်သား ၆ ဦးကို မကွေးတိုင်း အခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်တပ်/ People's Revolution Alliance (PRA- Magway) တပ်ဖွဲ့မှ အရှင် ဖမ်းမိထားကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်ဖွဲ့မှ  ဧပြီ ၃ ရက်တွင် ထုတ်ပြန်ထားချက်အရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံတပ်ဖွဲ့ဝင် (၄) ဦးကို ဧပြီလ (၁) ရက်နေ့ တွင်လည်းကောင်း၊ တတက (၉) မှထွက်ပြေးလာသော ခလရ (၆၃) လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်(၂)ဦးကို မတ်လ၊ (၂) ရက်နေ့တွင်လည်းကောင်း ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

BRA ၏ လှုပ်ရှားဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ရခိုင်ဒေသ၌ တိုက်ပွဲ ပြင်းထန်လျက် ရှိပြီး စစ်ရှုံးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မကွေးတိုင်းနှင့် နီးစပ်ရာဒေသများသို့ ထွက်ပြေးမှုများ ရှိနေကြောင်း PRA က ဆိုသည်။

PRA(Magway) အနေနှင့် လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ဒေသအချို့တွင် ရင်ဆိုင်တိုက်ပွဲဝင်လျက်ရှိပြီး စစ်သုံးစစ်တိုက်ဖျက်ရေးကို အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထား ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အခြေစိုက်သော စစ်ကောင်စီ လက်အောက်ခံ အခြေစိုက် တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များမှ တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း မိမိတို့တော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်းရန် PRA မှတိုက်တွန်းလိုက်သည်။

ထို့ပြင် စစ်ကောင်စီ၏ယန္တရားကို လည်ပတ်ပေးနေသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးမျာပါ နှုတ်ထွက် ကြရန်လည်း တိုက်တွန်းထားသည်။

လက်ရှိ ရက္ခိုင့်တပ်တော် ( AA) သည် အနောက်ပိုင်းတိုင်း အခြေစိုက်ရာ အမ်းမြို့မှ စစ်ကောင်စီတပ်စခန်းများကို စတင် တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သတင်းများ ရရှိသည်။


ဓာတ်ပုံ- PRA

 


ဆက်စပ် သတင်းများ