ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ကန်ချနပူရီတွင် စွန့်ပစ်ထားသော နေအိမ်တစ်ခုအတွင်းမှ မြန်မာနိုင်ငံသား ၁၂၃ ဦး ဖမ်းဆီးမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 335

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၅ / ၂၀၂၄

မြန်မာနယ်စပ်အနီးရှိ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်း စွန့်ပစ်ထားသော နေအိမ်တစ်ခုအတွင်း ထိုင်းနိုင်ငံသို့ ခိုးဝင်ရန် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၁၂၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၂၉ ဦး  ဖမ်းဆီးမိခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ ခိုးသွင်းလာသည့် နိုင်ငံခြားအလုပ်သမား ၁၂၃ ဦးကို ကန်ချန်းရဲတပ်ဖွဲ့မှ ကန်ချန်းနယ်ခြား မျဉ်းရှိ စွန့်ပစ်ထားသော အိမ်တစ်အိမ်တွင်  စီးနင်းရှာဖွေဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြကြသည်


မြန်မာအလုပ်သမားအား ခေါ်ဆောင်လာသည့် ပွဲစားများ ထွက်ပြေးလွတ်မြောက်သွားပြီး ကန်ချနပူရီ လူဝင်မှုကြီးကြပ်ရေးဌာန မှ အမိန့်ဖြင့် အလုပ်သမားအားလုံးကို ရဲစခန်းတွင် ကန်ချနပူရီရဲစခန်းတွင် ထိန်းသိမ်းထားသည်။

၎င်းခိုးဝင်လာသည့်  အလုပ်သမားအားလုံးကို မြန်မာပြည်သို့ ပြန်ပို့မည်ဖြစ်ကြောင်းသိရသည်။၎င်းတို့ကို ခေါ်ဆောင်လာသည့် ပွဲစားများ အား ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသော်လည်း ၎င်းတို့ကို တင်ဆောင်လာသည့် မော်တော်ယာဉ် လေးစီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံများမှာ ခေါ်ဆောင်လာသည့် ပွဲစားကို တစ်ဦးလျှင် ဘတ်တစ်သောင်းခွဲမှ သုံးသောင်းအထိ ပို့ဆောင်ခပေးရပြီး ထိုင်းနိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်ရန်အတွက် မော်တော်ယာဥ် စောင့်ဆိုင်းနေစဥ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသိရသည်။

 

.ဓာတ်ပုံ- โจโฉ (ထိုင်းမီဒီယာ)

ဆက်စပ် သတင်းများ