ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ စူရတ်ဌာနီတွင် မြန်မာအလုပ်သမား ၂ဝဝ ကျော်ရှိသည့် စက်ရုံ ဂက်စ်အိုးပေါက်၍ မီးလောင်နေပြီး နာရီပေါင်း ၃ဝ ကျော်လာသည့်တိုင် မီးမငြိမ်းသတ်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 623

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ / ၂ဝ၂၄

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမြို့ရှိ မြန်မာအလုပ်သမား ၂ဝဝ ကျော် အလုပ်လုပါကိုင်နေသည့် စက်ရုံမှာ ယမန်နေ့ ဧပြီလ ရက်နေ့ မွန်းတည့် ၁၂ ကျော်မှစ၍ ယနေ့ ညနေအထိ မီးလောင်နေကြောင်း သတင်းရရှိသည်။

 

အဆိုပါစက်ရုံမှာ BNS Wood Industry Co.Ltd ရော်ဘာအချောထည်စက်ရုံဖြစ်ပြီး အလုပ်သမားတန်းလျားတစ်ခုမှ ဂက်စ်အိုးပေါက်ကွဲရာမှ မီးလောင်ခဲ့ပြီး လက်ရှိအချိန် ဧပြီလ ရက်နေ့ ညနေ နာရီခန့်အထိ နာရီပေါင်း ၃ဝ ကျော်ကြာအောင် မီးမငြှိမ်းနိုင်သေးကြောင်း စူရတ်ဌာနီနာရေးကူညီရေးအသင်းတည်ထောင်သူ ဦးကျော်ဇော်က နိရဉ္စရာအား ပြောသည်။

 

" မီးက အခုထိလောင်နေပါသေးတယ်။ စက်ရုံမှာ မြန်မာအလုပ်သမားနှစ်ရာကျော်ရှိပါတယ်။ ထိခိုက်ဒဏ်ရာကြီးကြီးမားမားရတာတော့မရှိသေးပါဘူး။ ကောင်မလေးနှစ်ယောက်တော့ မီးခိုးရှုမိပြီး နည်းနည်းနေမကောင်းဘူး" ဟု ယနေ့ ညနေ နာရီခွဲခန့်က ပြောသည်။



 

အဆိုပါ စက်ရုံအလုပ်သမားများအား စက်ရုံအနီးအနားရှိ ဆီအုန်းခြံတစ်ခုအတွင်း ကယ်ဆယ်ရေး လုပ်ဆောင်ထားကြောင်း ၎င်းကဆက်ပြောသည်။

 

စက်ရုံပိုင်ရှင်များက အလုပ်သမားများအတွက် စားရေးသောက်ရေးအကူအညီများလာရောက်လုပ်ကိုင်ပေးနေပြီး မည်သို့ကူညီထောက်ပံ့မည့်ကိစ္စကိုမူ တစ်စုံတရာ ပြောဆိုခြင်း မတွေ့ရသေးကြောင်း ၎င်းကပြောသည်။

 

အဆိုပါစက်ရုံတွင် ကရင်လူမျိုးအများဆုံးနှင့် မွန်၊ ရခိုင်စသည့် မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံလုပ်ကိုင်နေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ ထိုင်းမီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ရေး ကြိုးစားနေကြပြီး စက်ရုံမီးလောင်မှုကြောင့်  ဘတ်သန်း ၁ဝဝ ခန့် ဆုံးရှုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်များအရသိရသည်။

ဆက်စပ် သတင်းများ