Preview
Preview

ပြင်ဦးလွင် စစ်တက္ကသိုလ် ကို မန္တလေးတိုင်း (ပကဖ) က(၁၀ရ) မမ ရှော့တိုက်ဒုံး ၅လုံးဖြင့် တိုက်ခိုက်

ဧပြီ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :5515
ပြည်တွင်း သတင်း

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၈ / ၂၀၂၄

 မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် မန္တလေးတိုင်း ပကဖ က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁) စစ်ဒေသမှရုပ်သံနှင့်တကွ ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 “မန္တလေးတိုင်း ပကဖ မှ ၁၀၇ မမ ရှော့တိုက်ဒုံး (၅) လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများနေထိုင်သော အဆောင်အနီးသို့ (၄) လုံး ကျရောက် ပေါက်ကွဲခဲ့သည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

 မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) သို့ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် မတ်လ (၈) ရက် နံနက် (၄) နာရီခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 စစ်တက္ကသိုလ် ပေါင်းစုံ ရှိရာ ပြင်ဦးလွင် မြို့ အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုများသည် မကြာခင်ကာလက  စတင်ပြီး ပေါ်ပေါက်လာကြောင်းသိ၇သည်။

 လက်ရှိတွင်  စစ်ကောင်စီတပ်များသည် မြို့ဝင်၊ မြို့ထွက်နေရာများအားတင်း တင်းကျပ်ကျပ် စစ်ဆေး နေကြောင်းသိ၇သည်။

ထို့အပြင် စစ်ကောင်စီဒုတိယ ဝန်ကြီးချုပ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည်  မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံ လေယာဥ်ကွင်းသစ်စီမံကိန်း ကိုရောက်နေချိန် ဧပြီ ၆ ရက်နေ့ကလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့၇ကြောင်း သတင်းများတွင်ဖော်ပြထားကြသည်။

ဧပြီ ၄ရက်နေ့ကလည်း နေပြည်တော် စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့်  တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ စစ်ရုံးချုပ် မှလည်း သတင်းထုတ်ပြန်ထားခဲ့သည်။

ဓာတ်ပုံ-ငြိမ်းကျော်/PDF Insight 

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.