Preview

ရခိုင်က နေရပ်စွန့်ခွာသူများကိုပြန်လည်လက်ခံရေးမစတင်နိုင်သေးကြောင်း စစ်ကောင်စီ ပြောဆို

ဧပြီ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :6150
ပြည်တွင်း သတင်း

ဂျွန်နသန်/နိရဉ္စရာ၊ဧပြီ ၉/၂၀၂၄

၇ခိုင်ပြည်နယ်မှ တစ်ဘက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများကို လတ်တလောတွင် ပြန်လည်လက်ခံရေး လုပ်ငန်းစဥ်ကို မစတင်နိုင်သေးခြင်းမှာ ၇ခိုင်ပြည်နယ်၏ လက်ရှိ လုံခြုံရေးအခြေအနေများကြောင့် ဖြစ်သည်ဟု  စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများကိုနှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံရန် အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အသင့်ရှိသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့်ပြန်လည်လက်ခံရေးလုပ်ငန်းစဥ်နှင့် ပတ်သက်၍ အပြည့်အ၀ ကတိကဝတ်ပြု ဆောင်ရွက်လျှက်ရှိသည် ဟုဆိုသည်။

လတ်တလောတွင်ပြန်လည်လက်ခံရေးလုပ်ငန်းစဥ်ကိုမစတင်နိုင်သေးခြင်းမှာ ၇ခိုင်ပြည်နယ်၏ လက်ရှိ လုံခြုံရေးအခြေအနေများကြောင့်ဖြစ်သည်ဟု ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည့်  နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်တွင်အထက်ပါ အတိုင်းရေးသားထား သည်။

မြန်မာနိုင်ငံအပေါ်ကုလသမဂ္ဂ၏တစ်ဖက်သတ်ဖိအားပေးမှုသည်အပြုသဘောဆောင်သောပူးပေါင်း ဆောင်ရွက်မှုအတွက်အထောက်အကူပြုစေမည်မဟုတ်ကြောင်းကိုလည်း  စစ်ကောင်စီ၏  နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်ကဆိုသည်။

 

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.