ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်အစိုးရအား ဖိတ်ကြားမှုအပေါ် ပြည်ပရောက် မြန်မာများက ပြင်းထန်စွာကန့်ကွက်၊


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 255

(ဖိတ်ကြားထားသည့်အပေါ် အမြန်ဆုံး ပြန်လည် ရုပ်သိမ်းပေးရန်နယူးဇီလန်အစိုးရအားပြင်းထန်စွာ တောင်းဆို)

ဂျွန်နသန်/နိရဉ္စရာ၊ ဧပြီ ၉

အာဆီယံ-နယူးဇီလန် ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန်မြန်မာ စစ်အစိုးရအား ဖိတ်ကြားမှုအပေါ် ပြည်ပရောက် မြန်မာများက ပြင်းထန်စွာကန့်ကွက်လိုက်ပြီး မြန်မာ စစ်အစိုးရ၏ ကိုယ်စားလှယ်များကို ဖိတ်ကြားထားသည့်အပေါ် ပြန်လည် ရုပ်သိမ်းပေးရန် နယူးဇီလန်အစိုးရအားပြင်းထန်စွာ တောင်းဆိုလိုက်သည်။

နယူးဇီလန်သည်လာမည့် သီတင်းပတ်အတွင်း အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း )ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်သည်။

နိုင်ငံအများစုသည်မြန်မာ စစ်အစိုးရ၏အုပ်ချုပ်မှုကို ဆန့်ကျင်နေသော်လည်း နယူးဇီလန်သည် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကို Wellington တွင် ကျင်းပမည့် အာဆီယံ-နယူးဇီလန် ထိပ်သီး အစည်းအဝေးကိုတက်ရောက်ရန် ဖိတ်ကြားထားသည်။

ထိုသို့ဖိတ်ကြားထားမှုအပေါ်နယူးဇီလန်ရောက် မြန်မာများက ပြင်းထန်စွာကန့်ကွက်လိုက်ပြီး  ဖိတ်ကြားမှုအပေါ် အမြန်ဆုံး ပြန်လည် ရုပ်သိမ်းပေးရန်နယူးဇီလန်အစိုးရအားပြင်းထန်စွာ တောင်းဆိုလိုက်သည်။

ယခုနှစ် မတ်လအတွင်းက မဲလ်ဘုန်းတွင်ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်မူ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့သည်။

သို့သော်လည်း မြန်မာ စစ်ခေါင်းဆောင်များသည်  နယူးဇီလန်၊ ဝယ်လင်တန်တွင် လာမည့် ဧပြီလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အာဆီယံ-နယူးဇီလန် ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် မျှော်လင့်လျှက်ရှိနေ သည်။

မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသောအစိုးရကို ဖယ်ရှားကာ အာဏာသိမ်းခဲ့သည်။ ထိုအချိန်မှစ၍ တော်လှန်ရေးသမားများသည် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး လူပေါင်း ထောင်နှင့်ချီ သေဆုံးပြီး ဒဏ်ရာရရှိခဲ့သည်။

နယူးဇီလန်အစိုးရသည် မြန်မာနိုင်ငံနှင့် အဆင့်မြင့် နိုင်ငံရေး ထိတွေ့ဆက်ဆံမှု အားလုံးကို ရပ်ဆိုင်းထားသည့်အပြင် စစ်အစိုးရကို အကျိုးပြုနိုင်သည့် အကူအညီပေးရေး အစီအစဉ်များကို ရပ်ဆိုင်းထားသည်။ ထို့အပြင် မြန်မာ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်သည့် စာရင်းတွင် ထည့်သွင်းထားသည်။


Source/www.stuff.co.nz

ဆက်စပ် သတင်းများ