ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မြန်မာစစ်တပ် လေယာဥ်များကို ထိုင်းနိုင်ငံ၏လေပိုင်နက်အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 639

ဂျွန်နသန်၊ နိရဉ္စရာ ဧပြီ ၁၁/၂၀၂၄

မြန်မာစစ်တပ်၏လေယာဥ်များကို ထိုင်းနိုင်ငံ၏လေပိုင်နက်အတွင်းသို့  ဖြတ်ကျော် ဝင်ရောက်ခွင့်ပြုမည် မဟုတ် ကြောင်း ထိုင်းဝန်ကြီးချုပ် က ယနေ့ တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ထိုင်းနယ်စပ် မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး မြန်မာစစ်တပ်၏လေယာဉ်များကို ထိုင်းနိုင်ငံ၏ လေပိုင်နက်အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ခွင့်ပြုမည် မဟုတ် ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ယနေ့ တွင် ပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် မြန်မာစစ်တပ်နှင့် စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူများ အကြား ရက်အတန်ကြာ တိုက်ပွဲများ ဖြစ်ပွား နေမှုနှင့်ပတ်သက်ပြီ မှတ်ချက်ပြုရာတွင် မြန်မာစစ်တပ် လေယာဥ်များကို ထိုင်းနိုင်ငံ၏ လေပိုင်နက်အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ခွင့်ပြုမည် မဟုတ် ကြောင်းကို ထိုင်းဝန်ကြီးချုပ် Srettha ထည့်သွင်းပြောဆိုခဲ့သည်။

ယခုအချိန်တွင် မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ မြဝတီမြို့ရှိ တပ်စခန်းများအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင် စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများ နေထိုင်ရာ နေရာ ဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေး ပြုလုပ်လာနိုင်သည့် အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်KNU ကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ