ခိုင်လူလှ (ရိုးမမြီ) နိရဉ္စရာ၊ ဧပြီ ၁၆/၂၀၂၄
တနင်္သာရီတိုင်းတွင် ခလ၇−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း ကေအဲန်ယူ (KNU)ဗဟိုကသတင်းထုတ်ပြန်သည်။
ဧပြီလ(၁၆) ရက်နေ့စွဲဖြင့် ကေအဲန်ယူ−ဗဟိုက သတင်းထုတ်ပြန်ရာတွင်၏“ ကေအဲန်ယူ− ကရင် အမျိုးသား အစည်းအရုံး၊ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်−ထားဝယ်ခရိုင် အတွင်းအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ခလ၇−၁၀၃ တပ်ရင်းမှတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦးလက်နက်ချအညံ့ခံခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်း၇မိခဲ့သည်”ဟု ဖော်ပြသည်။
ခလ၇−၁၀၃တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) မှ ၂၀၂၄ ခုနှစ် ဧပြီလ(၁၅) ရက်နေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ (၆) ဦးခန့်သေဆုံးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိအချိန်တွင်လက်နက်ချအညံ့ခံလာသော ခလ၇(၁၀၃)တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး ကေအဲန်ယူ−ဘိတ်−ထားဝယ်ခရိုင်တာဝန်ရှိသူ များမှ နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်းစောင့်ရှောက် ထားသည်။
လက်နက်ချသော တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဇနီးများအားစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရှိ၇သည်။
ဓါတ်ပုံ− ခလ၇(၁၀၃)တပ်ရင်းထံမှ လက်နက်ချအညံ့ခံသောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်း၇မိသော လက်နက်ခဲယမ်းများ။