(စကစ အလောင်း(၂၀)ကျော်၊ လက်နက် (၄၀)ကျော် ရရှိခဲ့ဟုထုတ်ပြန်)
နိရဉ္စရာ၊ ဧပြီ ၁၆/၂၀၂၄
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)/ MDY-PDFက မေမြို့နှင့် နောင်ချိုကြားတွင်တည်ရှိသည့် သရက်ကုန်းရွာ စစ်ကောင်စီ စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ ကျော်နှင့် လက်နက် ၄၀ ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
၎င်းသရက်ကုန်းရွာ စခန်းသည် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင်တည်ရှိပြီး ၎င်းစခန်းကို ဧပြီ ၁၅ ရက် နံနက် ၅ နာရီကျော်တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီကျော်တွင် သိမ်းပိုက် နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ စစ်အုပ်စု အလောင်း(၂၀)ကျော်နဲ့ လက်နက်(၄၀)ကျော် သိမ်းဆည်း ရရှိတယ်” ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သရက်ကုန်းတိုက်ပွဲအတွင်း စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်းအား ထပ်မံ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အထိအခိုက် အကျအဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ (၆၀မမ) နှစ်လက်၊ Drone Jammar တစ်ခု၊ ခဲယမ်း အမြောက်အများ အပါအဝင် ရန်သူ့အလောင်း (၂၁)လောင်း သိမ်းဆည်း ၇မိခဲ့သည်ဟု ဖော်ပြသည်။
၎င်းတိုက်ပွဲအတွင်း MDY-PDF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တချို့လည်း ကျဆုံးသည်ဟု သိ၇သည်။
၎င်းအပြင် MDY-PDF သည် ဧပြီ(၁၄)ရက် ည(၉)နာရီကလည်း မေမြို့ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး အလုံး(၂၀)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။