ဗုဒ္ဓဟူး၊ မေလ ၂၉ရက်၊ ၂၀၂၄

သမ္မတဟောင်းဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အကျဉ်းထောင်ပြောင်းရွှေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 495

လူထက်နိုင်(ဒွာရာမြီ)နိရဉ္စရာ၊ ဧပြီ ၁၆ / ၂၀၂၄

သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်မှ နေရာရွှေ့ပြောင်းထားကြောင်း ဧပြီ ၁၆ ရက်နေ့တွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

 ယခုသတင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဟုတ်မှန်ကြောင်း VOA နှင့် BBC သတင်းဌာနများကို ဖြေကြားထားသည်။

 

""သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိစ္စနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီအကျဉ်းထောင်တွေမှာ ရာသီဥတုအခြေအနေအရ အပူချိန်ပြင်းထန်နေတာတွေ ရှိတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊ ကျန်းမာရေးအရလိုအပ်တဲ့အကျဉ်းသားများ၊ အသက်ကြီးနေတဲ့အကျဉ်းသားများနဲ့ပတ်သတ်ပြီး အပူဒဏ် သက်သာစေရေးအတွက် နည်းလမ်းများနဲ့ ရှာဖွေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့်  ဦးဝင်းမြင့်တို့ကို တရုတ်သံအမတ်နှင့တွေ့ဆုံပေးရန်  နေရာ ရွှေ့ပြောင်းလိုက်ပြီး ဒေါ်စုရော ဦးဝင်းမြင့်ရောက တရုတ်သံအမတ်နှင့် တွေ့ဆုံ ွေးနွေးရန် သဘောတူထားသည်ဆိုသော သတင်းများလည်းထွက်ပေါ်နေသည်။

 

ဦးဝင်းမြင့်သည် တောင်ငူထောင်တွင်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အချုပ်ထောင်တွင် လည်းကောင်း အကျဉ်းကျခံနေရခြင်းဖြစ်သည်။

 

ို့အပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ကိုလည်း ဧပြီ ရက် မနေ့ ညနေပိုင်းတွင် မန္တလေးအိုးဘိုထောင်မှ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသထား ခဲ့ရကြောင်းသိရသည်။


ဦးဝင်းမြင့်သည် တရားစွဲဆိုခံထားရသည့် အမှုပေါင်း မှုဖြင့် ထောင်ဒဏ် ၁၄ နှစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံထားရကြောင်းသိရသည်။


(Photo: Eleven Media)

ဆက်စပ် သတင်းများ