ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများကြောင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံမှုပြုရန် အတားအဆီးများရှိနေဟု ဘင်္ဂလားဒေ့ရှ်တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 446

ဂျွန်နသန်/ နိရဉ္စရာ၊ ဧပြီ ၁၉/ ၂၀၂၄

မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိများအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများကြောင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာစစ်တပ်နှင့် ပိုမိုကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံမှုပြုရန် အတားအဆီးဖြစ်နေ ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော် အကြီးအကဲ က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့်  နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသအပါအဝင် နိုင်ငံအနှံ့အပြားရှိတော်လှန်သူများကို တိုက်ခိုက်နေရသည့် မြန်မာစစ်တပ်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်၏ ရပ်တည်ချက်ကို ဘင်္ဂလားဒေ့ရှ်တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed က ရှင်းပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးအင်စတီကျုမှ ကြီးမှူးကျင်းပသည့် ကာကွယ်ရေးသံတမန်ရေးရာဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိများအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများသည် မြန်မာစစ်တပ်နှင့် ပိုမိုကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံခြင်းမှ အတားအဆီးဖြစ် ကြောင်း၄င်းက ပြောကြားခဲ့သည်။



ြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံမလားဆိုတဲ့ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အကြံ တစ်ခုရှိခဲ့ပါတယ်။။ တကယ်တော့ ကျွန်တော်တို့မှာ ထိတွေ့ဆက်ဆံမှုရှိပြီး တတ်နိုင်သမျှ လုပ်ဆောင် ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တချို့က နိုင်ငံတကာက ပိတ်ဆို့အရေးယူခံထားရတာတွေ ရှိတယ်။ ဒါကြောင့် ဒီလို(ထိတွေ့ဆက်ဆံမှု)လုပ်တဲ့အခါ ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေမယ့် အန္တရာယ်ရှိပါတယ်ဟု Shafiuddin က ပြောကြားခဲ့သည်။

"ဘာလို့လဲဆိုတော့အားလုံးက ကျွန်တော်တို့ရဲ့သူငယ်ချင်းတွေပဲဘဲ။ ဒါကြောင့် သူငယ်ချင်း တစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ဖို့ တစ်ယောက်ကို တစ်ယောက် ရန်မူနေလို့ မရပါ ဘူး။ ဒါကြောင့် အဲဒါကို ကျနော်တို့ လေ့လာ ဆန်းစစ်ရပါ မယ်ဟု ၄င်းကဆက်ပြောသည်။

မကြာသေးမီလများအတွင်းကရာနှင့်ချီသည့်မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် သည် နယ်စပ်တလျှောက်ရှိ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။



ထပ်မံဝင်ရောက်လာသူ များ ဆက်လက်ရှိနေသော်လည်း ၎င်းတို့ထဲမှ အချို့ကို သာ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့သည်။

မြန်မာဘက် နယ်စပ်မှ ပစ်ခတ်မှုကြောင့် အမြောက်ဆံ ၊ လက်ပစ်ဗုံးနှင့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အများအပြား သေဆုံးခဲ့ပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ Source/BDNews24

ဆက်စပ် သတင်းများ