ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မြစ်ကြီးနားမြို့ အကျဉ်းထောင်ဆူပူမှု အကျဉ်းသား ၄ ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 388

နိရဉ္စရာ၊ ဧပြီ ၁၉/ ၂၀၂၄

ကချင်ပြည်၊  မြစ်ကြီးနားမြို့ အကျဉ်းထောင်ူပူမှုအတွင်း စစ်ကောင်စီအကြမ်းဖက်ပြီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် အကျဉ်းသား ၄ ဦးသေဆုံးပြီး ၈ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

 

မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသား ပြစ်ကျဆောင်(၆)နှင့် (၇)တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသားများကာ ဆူပူကန့်ကွက်မှု ဖြစ်ပွားခဲ့သည်။

 

ဆူပူမှုဖြစ်စဉ်အတွင်း အကျဉ်းသားများက ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့ သွားရောက် ရန်မူရန်ကြိုးစားလာကြပြီး ဖျက်ဆီးမှုများကို အရှိန်မြှင့် ဆောင်ရွက်လာကြသည်ဟု ထောင်အာဏာပိုင်များဘက်က ပြောဆိုသည်။

 

ညနေ ၄ နာရီ ၃၀ မိနစ်ခန့် အထိ ထောင်ဆူပူဖြစ်ပွားရာ ထောင်အာဏာပိုင်များက သေနတ်များဖြင့် ခြောက်လှန့်ပစ်ခတ်ရမည့်အစား ထောင်သားများအား တမင်ချိန်ရွယ်ပစ်ခတ်ခဲ့သည်ဟု ထောင်နှင့် နီးစပ်သည့် ဒေသခံများက ပြောဆိုသည်။

 

ထိုသို့ ပစ်ခတ်မှုကြောင့် အကျဉ်းသား ၄ ဦးသေဆုံးကာ နောက်ထပ် ၈ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။ Photo by MPA

ဆက်စပ် သတင်းများ