ဂျွန်နသန်၊ နိရဉ္စရာ၊ဧပြီ၂၁/ ၂၀၂၄
ဖားဆောင်းစခန်းကိုကွပ်ကဲခဲ့သည့် တပ်မ( ၄၄) မှတပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းသက် ၊ ခြေမြန်တပ်ရင်း (၂၇၅)သည်မြ၀တီမြို့၊ ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွင် သေ ဆုံးခဲ့သည်ဟု ထိုင်းသတင်းဌာန The Nation ကသတင်းဖော်ပြသည်။
ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)အနီးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏လေကြောင်း စစ်ဆင်ရေးအတွင်း ဒရုန်းများအသုံးပြု၍ဗုံးကြဲချမှုများကြောင့်စစ်အစိုး၇တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သည်။
ဗိုလ်မှူးချုပ်စိုးမင်းသက်သည်လည်းအဆိုပါ ဒရုန်း ဗုန်းများကြောင့် စစ်မြေပြင်တွင်သေဆုံးခဲ့သည်။
၄င်း၏ရုပ်အလောင်းကို ပြန်လည်သယ်ယူနိုင်ရေးအတွက်မြန်မာစစ်အစိုး၇က ထိုင်း-မြန်မာနယ်ခြားကော်မတီမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နိုင်ဖွယ်ရှိသည်။
သို့သော်လည်း ရုပ်အလောင်းပြန်သယ်ယူခြင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။