စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ထိုင်း၀န်ကြီးချုပ်နှင့် ကာကွယ်ရေး၀န်ကြီးတို့ ဧပြီ ၂၃ရက်တွင် တိုက်ပွဲဖြစ်နေသည့် မြန်မာနယ်စပ်အနီးရှိ မဲဆောက်သို့ သွားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ၂၂/၂၀၂၄

ထိုင်းနိုင်ငံ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး၀န်ကြီးတို့သည် တိုက်ပွဲဖြစ်ပွားနေသည့် မြန်မာနယ်စပ်အနီးရှိ မဲဆောက်သို့ ဧပြီ ၂၃ ရက်တွင် သွားရောက်မည် ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၀န်ကြီးချုပ်လည်းဖြစ် ဘဏ္ဏာရေး၀န်ကြီးလည်းဖြစ်သူ Srettha Thavisin နှင့် ကာကွယ်ရေး ၀န်ကြီး Sutin Klungsang တို့သည် တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနယ်စပ် မြ၀တီမြို့အနီးရှိ မဲဆောက်သို့ ဧပြီ၂၃ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန The Reporter ကဖော်ပြသည်။

"၀န်ကြီးချုပ်လည်းဖြစ် ဘဏ္ဏာရေး၀န်ကြီးလည်းဖြစ်တဲ့ Mr Srettha Thavisin ဟာ ဧပြီ၂၃ မှာ မဲဆောက်ကိုသွားမှာပါ။ သူနဲ့အတူကျွန်တော်လည်းလိုက်ပါသွားမှာပါ"ဟု ထိုင်း ကာကွယ်ရေး၀န်ကြီး Sutin Klungsang က ပြောကြားသည်။

 

Source/The Reporter

ဆက်စပ် သတင်းများ