တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ကမ္ဘာ့အပူဆုံး (၁၅)မြို့စာရင်းတွင် မြန်မာနိုင်ငံ ချောက်မြို့က စတုတ္ထအဆင့်တွင် ရပ်တည်နေပြီး အာဖရိက၊ နိုင်ဂျာနိုင်ငံ၊ တီလာဘာရီမြို့က ကမ္ဘာ့အပူဆုံးမြို့အဖြစ် စံချိန်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ဧပြီလ၂၅ ရက်အတွက် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာပေါ်တွင် အပူချိန်အမြင့်ဆုံး မြို့များစာရင်းကို ကမ္ဘာ့မိုးလေဝသပြန်ကြာရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ ချောက်မြို့က အပူချိန် ၄၆. ဒီဂရီ ဆဲလ်စီးယပ်စ် ဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေသည်ကို တွေ့ရှိရသည်။ 


အာဖရိကတိုက်၊ နိုင်ဂျာနိုင်ငံ၊ တီလာဘာရီမြို့က အပူချိန် ၄၇. ဒီဂရီ ဆဲလ်စီးယပ်စ်ဖြင့် ကမ္ဘာ့အပူဆုံးမြို့အဖြစ် စံချိန်တင်ထားသည်ကို တွေ့ရှိရသည်။ 

 

ကမ္ဘာ့အပူဆုံးမြို့ (၁၅)မြို့ ာရင်းတွင် အာဖရိက၊ နိုင်ဂျာနိုင်ငံက မြို့ပေါင်း(၁၂)မြို့ ပါဝင်ပြီး ချဒ်နိုင်ငံ၊Ndjamena မြို့က အပူချိန် ၄၆. ဒီဂရီ ဆဲလ်စီးယပ်စ်ဖြင့် တတိယနေရာတွင် ရှိနေသည်။ မာလီနိုင်ငံ Kayes မြို့မှ အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ်ဖြင့် အဆင့် (၁၅) နေရာတွင် ရပ်နေသည်ကို တွေ့ရသည်။ 

 

ထူးခြားသည်မှာ ကမ္ဘာ့အပူဆုံး(၁၅)မြို့စာရင်းတွင် ပါဝင်သည့် နိုင်ငံ လေးနိုင်ငံစလုံးမှာ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း စစ်တပ်က အာဏာသိမ်းထားသော နိုင်ငံများဖြစ်နေခြင်းပင်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!