တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့်တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 239

ထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၅ / ၂၀၂၄


၁၉၉၇ ခုနှစ်ကတည်းက စစ်ကောင်စီတပ် လာရောက်အခြေချခဲ့သော ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိမောထစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ တပ်မဟာ-၄ နှင့် တပ်မဟာ ၆ မှဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ဧပြီလ ၂၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုမှ ဧပြီလ ၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ထီးမိုပွာအတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ မောထစစ်ကောင်စီတပ်စခန်းအား ၂၀၂၄ ခုနှစ်၊ဧပြီလ၂၄ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၄ ၊ တပ်မဟာ ၆ စစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြောင်းသိရသည်။


အဆိုပါ တပ်စခန်းသည် အာဏာသိမ်း စစ်ကောင်စီက ၁၉၉၇ ခုနှစ်ကတည်းက လာရောက်အခြေချတပ်စွဲခဲ့သော ခလရ (၁၉) တပ်ရင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၂၇၊ တပ်ရင်း ၁၂ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ  အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ် ၃၀ကျော် သိမ်းပိုက်ရရှိခဲ့ပြီး စခန်းရှိတပ်ဖွဲ့ဝင်များ အားလုံး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြောင်းသိရသည်။


ဓာတ်ပုံ-KNU


ဆက်စပ် သတင်းများ