ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

မြန်မာနိုင်ငံ၏အခြေအနေတိုးတက်လာမှု မရှိခြင်းကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူဆောင်ရွက်မှုများကို အီးယူက တစ်နှစ် သက်တမ်းထပ်တိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 359

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၇/၂၀၂၄

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးထားယူမှုကို နောက်ထပ်တစ်နှစ် သက်တမ်း ထပ်တိုးလိုက်ကြောင်း အီးယူက ထုတ်ပြန် ကြေညာသည်။

 မြန်မာနိုင်ငံ၏အခြေအနေသည်တိုးတက်လာမှုမရှိခြင်းကြောင့် ဥရောပသမဂ္ဂ(EU) ၏ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူဆောင်ရွက်မှုများကို ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်အထိ နောက်ထပ် တစ်နှစ် သက်တမ်းတိုးခဲ့ကြောင်း အီးယူက ယမန်နေ့ကကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှု အစီအမံတွေကို နှစ်စဉ် ပြန်လည်သုံးသပ်ပါတယ်။ ဒီမိုကရေစီကို ထိခိုက်စေတဲ့ လုပ်ရပ်တွေအပြင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် အခုလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါဟု အီးယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အီးယူက ချမှတ်ထားသည့် လက်ရှိကျင့်သုံးနေသည့် ကန့်သတ် အရေးယူမှုများတွင် မြန်မာ စစ်ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း လူ ၁၀၃ ဦးနှင့် အဖွဲ့အစည်း ၂၁ ၏ ပိုင်ဆိုင်မှုများကို ခေတ္တရပ်ဆိုင်းထားခြင်းနှင့် ရန်ပုံငွေ သို့မဟုတ် ငွေကြေးနှင့် စီးပွားရေးအရင်းအမြစ်များ ပံ့ပိုးပေးခြင်း အပြင် စာရင်းသွင်းခံထားရသည့် ပုဂ္ဂိုလ်များအီးယူ သို့ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတို့ ပါဝင်သည်။

 

အီးယူသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော စစ်တပ်က အာဏာသိမ်းမှုတွင် ပါဝင် သည့်တာဝန်ရှိသူများကို တင်းကျပ်သည့် ပိတ်ဆို့ အရေးယူမှုများကိုချမှတ်ခဲ့သည်။

 

Source/European Union. 

ဆက်စပ် သတင်းများ