Preview

ရခိုင်နှင့် ချင်းတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁၆၆,၀၀၀ ဦး အထိ မြင့်တက်လာခဲ့ဟု UNOCHA သတင်းထုတ်ပြန်

ဧပြီ ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :6083
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဧပြီ ၂၈/၂၀၂၄

မြန်မာနိုင်ငံတစ်ဝှမ်းနေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်သည်စံချိန်တင်ဆက်လက် မြင့်တက်နေပြီး၊ လူဦးရေ (၂.၉)သန်းနီးပါးရှိလာနေကြောင်း ၇ခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကစပြီးပြန်လည်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေသည်ခန့်မှန်းခြေ ၁၆၆,၀၀၀ အထိ မြင့်တက်လာခဲ့သည်ဟု UNOCHA ကသတင်းထုတ်ပြန်ချက်အရသိ၇သည်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ က စစ်တပ်က အာဏာသိမ်းယူမှုအပြီးဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် တစ်နိုင်ငံလုံး နေရပ်စွန့်ခွာထွက်ပြေးကြရသူသည်လူဦးရေ (၂.၆) သန်းနီးပါး ရှိကြောင်း၊ လက်ရှိတွင် (၂.၉) သန်းထိ မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာမဟာမင်းကြီးရုံး(UNOCHA) မြန်မာနိုင်ငံလူသားချင်း စာနာမှုဆိုင်ရာအခြေအနေများအစီရင်ခံစာတွင် ဖော်ပြထားသည်။

“ ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်မှုနဲ့ လူမျိုးရေးတင်းမာမှု အပေါ်စိုးရိမ်စရာတွေမြင့်တက်လာတာတွေနဲ့ အတူ အခြေအနေတွေက ရုတ်ချည်းဆိုးရွားလာနေပါတယ်။ ကူညီ ထောက်ပံ့တာတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ရုံးနဲ့ဆေးပေးခန်းတစ်ခု ဧပြီလ (၁၅) ရက်နေ့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသလိုအစောပိုင်းရက်ပိုင်းတုန်းကလည်း ဘူးသီးတောင် မြို့လယ်က အိမ်ခြေ ၅၀ နီးပါးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရပါတယ်။ ၇ခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်၀မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ပြန်လည် ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ခန့်မှန်းခြေ ၁၆၆,၀၀၀အထိ မြင့်တက်လာခဲ့ပါတယ်”  ဟု
UNOCHA ကဆိုသည်။

နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တပ်မတော်နှင့်လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဦးဆောင်သည့် တပ်ဖွဲ့များနှင့်တပ်မတော်ကြား တိုက်ပွဲများပိုမိုပြင်းထန်လာရာ ဖာပွန်နှင့် မြ၀တီ မြို့နယ်များတွင် အပြင်းထန်ဆုံးဖြစ်ခဲ့ကြောင်း  UNOCHA ၏ အစီရင်ခံစာတွငf ဖော်ပြထားသည်။  (ဓာတ်ပုံ- ပုံဟောင်း)

Source/UNOCHA

 

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.