သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကမ္ဘာလုံးဆိုင်ရာ ဓာတ်ပုံပွဲတော်တွင် မြန်မာနိုင်ငံက ပထမဆုနှင့် တတိယဆုများ ဆွတ်ခူး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ဂျွန်နသန်၊ ဧပြီ ၃၀/၂၀၂၄

ကိုချီဖောင်ဒေးရှင်းG20 မှ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဓာတ်ပုံပွဲတော်တွင် မြန်မာနိုင်ငံက ပထမဆုနှင့် တတိယဆု ဆုများ ဆွတ်ခူးခဲ့သည်။

 

ကင်မရာ ဆု အမျိုးအစားတွင် မြန်မာနိုင်ငံမှ အောင်ချမ်းသာက အရုဏ်တက်ချိန် ရင်သပ်ရှုမောဖွယ် အရောင်များနှင့် အင်ဒိုနီးရှားနိုင်ငံ Bromo မီးတောင်ရှုခင်း ဓာတ်ပုံဖြင့် ပထမဆုရရှိခဲ့ပြီး ဆုငွေ ဒေါ်လာ ၁၀,၀၀၀ ရရှိခဲ့သည်။ 

 

 အီတလီနိုင်ငံမှ Roberto Corinaldesi သည် Cornwall ၏ နံနက်စောစောရောင်စုံ ရှုခင်း ဓာတ်ပုံ ဖြင့် ဒုတိယနေရာကို ရရှိခဲ့ပြီး ဒေါ်လာ ၅၀၀၀ ရရှိခဲ့သည်။ 

 

 မြန်မာနိုင်ငံမှ မြတ်ဇော်ဟိန်းသည် ရွှေအိုရောင် စပါးခင်းတွင် မိသား တစ်စုလမ်းလျှောက်နေသည့် ရှုခင်း ဓာတ်ပုံဖြင့် တတိယဆုရရှိခဲ့ပြီး ဆုငွေ ဒေါ်လာ ၃၀၀၀ ရရှိခဲ့သည်။

 

(၁၅)  ကြိမ်မြောက် " Greenstorm Global Photography Festival" ဓါတ်ပုံပွဲတော်ကို ကိုချီအခြေစိုက် Greenstorm ဖောင်ဒေးရှင်းနှင့် ကုလသမဂ္ဂ သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းမှ G20 Global Land Initiative တို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံပေါင်း ၁၅၃ နိုင်ငံမှ တင်သွင်းသည့် ရှုခင်းဓာတ်ပုံ ပေါင်း ၁၇၇၁၆ ပုံများမှ ၁၃ ပုံ ကို ဆုအဖြစ် ရွေးချယ်ခဲ့ပြီးဆုတစ်ဆု တန်ဖိုးသည် ဒေါ်လာ ၁၀၀၀၀ မှ ၇၅၀ ကြားအထိ ချီမြှင့်ခဲ့သည်

 

Source/Onmanorama

 

ဆက်စပ် သတင်းများ