စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

FPV ဒရုန်း များမြန်မာပြည်တွင်းစစ်ပွဲတွင် တွင်ကျယ်စွာအသုံးပြုလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.7k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၅/၂၀၂၄

FPV ဒရုန်း များသည် မြန်မာပြည်တွင်းစစ်ပွဲအတွင်း ၀င်ထိုးဖောက် ရောက်လာနေပြီဖြစ်ကြောင်း ပဋိပက္ခ အစီရင်ခံစာက မေလ ၃ရက်က သတင်းဖော်ပြသည်။

 

 FPV ဒရုန်းများသည်ရုရှား-ယူကရိန်းစစ်ပွဲမှ စတင်အသုံးပြု ခဲ့သည့် အရာမဟုတ်တော့ဘဲ မြန်မာနိုင်ငံ ပြည်တွင်းစစ်တွင်လည်း အသုံးပြုလာကြပြီဖြစ်သည်ဟု Clash Report ကဖော်ပြသည်။

 

အသေခံဒရုန်းဟုခေါ်ဆိုသည့် kamikaze UAV များကို အသုံးပြုပြီး မကြာမီတွင် မြန်မာ တော်လှန်ရေးသမားများသည် FPV ဒရုန်းများကို စတင်အသုံးပြုလာကြပြီး ယခုအခါ အစိုးရ တပ်ဖွဲ့များသည်လည်း FPV ဒရုန်းများကို စတင်အသုံးပြုလာကြသည်ဟုဆိုသည်။  

 

နှစ်ဖက်စလုံးသည် FPV ဒရုန်းများ၏အကူအညီရယူ၍ စစ်ရေးအားသာချက်ရရှိရန် ကြိုးပမ်းနေကြသည်ဟုလည်း ဖော်ပြသည်။



 အဆိုပါ မောင်းသူမဲ့ လေယာဉ်များကို စက်ပစ္စည်းများနှင့် ခံတပ်များကို တိုက်ခိုက်ရန် အသုံးပြုနေကြပြီး  FPV ဆိုသည်မှာ မြင်ကွင်းကိုပထမ စမြင်သူ “first-person view”ဟုဆိုသည်။

 

ဒရုန်းကမ္ဘာတွင် FPV ကို ကိုယ်စားပြုပြီး မောင်းသူအနေဖြင့် ဒရုန်းမြင်သောအရာအားလုံးကို သင်လည်းမြင်ရသည်ဟု ဆိုလိုသည်။

 

အသုံးပြုသူတွင် ဒရုန်းပျံသန်းနေသည့်ပတ်ဝန်းကျင်၏ ပထမ လူမြင်ကွင်း (FPV) ရှိအရာများကို ဗီဒီယို သို့မဟုတ် ဓာတ်ပုံများ ရိုက်ကူးနိုင်သည်။ FPV ဒရုန်းသည် စမတ်ဖုန်းတစ်လုံးသို့ တိုက်ရိုက်မြင်ကွင်း ကို ကြိုးမဲ့ထုတ်လွှင့်ပေးသည့် ကင်မရာပါရှိသော မောင်းသူမဲ့လေယာဉ် (UAV) ဖြစ်သည်။

 

ခေတ်မီဒရုန်းအများစုတွင် ကင်မရာတစ်လုံးနှင့် စမတ်ဖုန်းတစ်လုံးဆီသို့အချက်အလက်များ တိုက်ရိုက်ပေးပို့နိုင်သည့် စွမ်းရည်တို့ ပါဝင်ပါသည်။ နည်းပညာအရ၊ ဒရုန်းတိုင်းနီးပါးသည် FPV ဒရုန်းဖြစ်သော်လည်း ယင်းအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ပြောင်းလဲနေသည်။

 

Source/Clash Report

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!