တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြန်မာတွင် ၆ လအတွင်း အိုးအိမ်စွန့်ခွာရသူ (၃)သန်းကျော် ထိရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 510

(တစ်သန်းခန့်မှာ ကလေးငယ်များဖြစ်ဟု ကုလပြောကြား)

 ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၇/ ၂၀၂၄

 

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများအရှိန်အဟုန်တိုးမြင့်လာနေပြီး လွန်ခဲ့သည့် ၆ လလတာ အတွင်း အိုးအိမ်စွန့်ခွာရသူ (၅၀)ရာခိုင်နှုန်းထိ တိုးပွားလာကာ ယခုအခါ တစ်နိုင်ငံလုံးတွင် အရပ်သား (၃) သန်းကျော် အိုးအိမ်မဲ့ဖြစ်နေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ Stéphane Dujarric က မေ ၆ရက်က ပြုလုပ်သည့် ကုလသမဂ္ဂရုံးသတင်းစာရှင်းပွဲတွင်ထည့်သွင်းပြောဆိုခဲ့သည်။

 

ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်သည့် ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများ၏ သုံးပုံတစ်ပုံခန့်(တစ်သန်းခန့်)သည် ကလေးငယ်များဖြစ်ကြကြောင်း ပြောကြားသည်။

 

 ၄င်းတို့အတွက်အကူအညီများလည်းအရေးတကြီးလိုအပ်နေကြောင်း  မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးရန်အတွက် အလှူငွေများလည်း အရေးတကြီး လိုအပ်နေကြောင်း ၄င်းကပြောဆိုသည်။

 

ယခုနှစ်အတွက် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရံပုံငွေကန် ဒေါ်လာ ၉၉၃ သန်း တောင်းဆိုထားရာတွင် ၆ ရာခိုင်နှုန်းဖြစ်သည့် ကန်ဒေါ်လာ ၆၃ သန်းသာရ ရှိထားသေးသည်ဟုဆိုသည်။

 

ဆိုင်ကလုန်း မုန်တိုင်းရာသီ နီးကပ်လာသည်နှင့်အမျှ ထိခိုက်လွယ်သောလူများကို ကူညီကာကွယ်မှုများ ပေးရန်လိုအပ်လျက်ရှိကြောင်း၄င်းကဆက်လင်ပြောကြားသည်။ Source/UN News

ဆက်စပ် သတင်းများ