Preview

မြန်မာ့ ပြည်တွင်းစစ်အကြောင်း Sky News က ရိုက်ကူးတင်ပြထားသည့် "Myanmar's Hidden War" ရုပ်သံသတင်းဆုရရှိ

မေ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :857
ပြည်တွင်း သတင်း

ဂျွန်နသန်

နိရဉ္စရာ၊ မေ ၁၀/၂၀၂၄

မြန်မာ့ ပြည်တွင်းစစ်အကြောင်း Sky News က ရိုက်ကူးတင်ပြ ထားသည့် "Myanmar's Hidden War" ရုပ်သံ သတင်းသည်Amnesty International UK Media Awards 2024" တွင် ရုပ်သံသတင်းဆုရရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှ ပေးအပ်ချီးမြှင့်သည့် "Amnesty International UK Media Awards 2024" ဆုရရှိသူများကို မေလ ၉ ရက်က  ထုတ်ပြန်ကြေညာခဲ့ရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပွဲ အကြောင်း ရိုက်ကူးတင်ပြထားသည့် "Myanmar's Hidden War" ရုပ်သံ သတင်းဖြင့် Sky News က ရုပ်သံသတင်းဆုရရှိခဲ့သည်။

ပဋိပက္ခများ ပြင်းထန်နေချိန် စစ်တပ်ကို သတ္တိရှိရှိ ရဲဝံ့စွာ ခုခံ တော်လှန်တိုက်ခိုက် နေသူများ၏ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းများကို  မျှဝေရန် အတွက် ဗြိတိန် အခြေစိုက် Sky News သတင်းဌာနမှ သတင်းထောက်ချုပ် Stuart Ramsay နှင့်အဖွဲ့သည် တော်လှန်ရေးသမားများနှင့်အတူ တောထဲတွင်တစ်လကြာ နေထိုင်ခဲ့သည်။

"ကျွနု်ပ်တို့ရဲ့အလုပ်ကတော့ စစ်အစိုးရက ငြင်းဆိုထားတဲ့ ပဋိပက္ခတစ်ခုရဲ့ သက်သေအထောက်အထား တွေကို စုဆောင်းရန်ဖြစ်ပါတယ်။

လေကြောင်းအကြိမ်ကြိမ်တိုက်ခိုက်မှုများ ၊လက်နက်ကြီးပစ်ခတ်မှုများ၊မြေပြင်ထိုးစစ်ဆင်မှုများကြောင့် အတင်းအဓမ္မပြောင်းရွှေ့ခံရတဲ့ထောင်ပေါင်းများစွာသော အရပ်သားတွေရဲ့ သက်သေ

ထွက်ဆိုချက်တွေကိုလည်းမှတ်တမ်းတင်ဖို့အတွက်လည်းဖြစ်ပါတယ်" ဟု Stuart Ramsay က ပြောသည်။

ယခုနှစ်အတွက် Amnesty International UK Media Awards 2024 တွင် ဆုအမျိုးအစားပေါင်း ၉ မျိုးကိုပေးအပ်ချီးမြှင့်ခဲ့သည်။

Amnesty International Media Awards ဆုများသည် ယူကေရှိ အကောင်းဆုံး လူ့အခွင့်အရေး ဂျာနယ်လစ်ဇင်အတွက် ဂုဏ်ပြုသော သီးသန့်ဆုများဖြစ်သည်။

နှစ်စဉ်ပြုလုပ်သည့် ဆုပေးပွဲများသည် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ရန်နှင့် စာရင်းပြုစုနိုင်ရန် ၎င်းတို့၏ အသက်အန္တရာယ်ကို အမှုမထားဘဲ ရဲဝံ့ စွန့်စားသည့် သတင်းထောက်များ၏ ရဲရင့်မှုကို မီးမောင်းထိုးပြနေ သည်ဟု Amnesty မှ ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)  အစိုးမ၇ဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည်။ 

အဖွဲ့၏ အဓိက လုပ်ဆောင်ချက်များမှာ 'လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်ရန် နှင့် ပပြောက်ရန် သုသေသနလုပ်ခြင်း၊ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းနှင့် လူ့အခွင့်အရေး ဥပဒေ ဖောက်ပြန်သူများများကို တရားစီရင်ရေး' ဆောင်ရွက်နိုင်ရန်ဖြစ်သည်။

Source/Amnesty International & Sky News

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.