ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၃/၂၀၂၄
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီ နောက်ဆုံးအသုတ်၁၃၈ဦးအထဲတွင် ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်မှူးနှစ်ဦး ပါဝင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးHasan Mahmud က ပြောကြားလိုက်သည်။
မေလ၁၂ ရက်နေ့က ပါလီမန် အမြဲတမ်းကော်မတီ အစည်းအဝေးမတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဥ် နိုင်ငံခြားရေးဝန်ကြီးသည် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။
၇ခိုင်ပြည်နယ်တွင်းပဋိပက္ခများကြောင့် ပြဿနာအသစ်တစ်ခုကို ထပ်မံ မြင်တွေ့နေ၇သည်ဟုလည်း၎င်းကဆက်လက်ပြော ဆိုသည်။
၄င်းပြဿနာအသစ်တမှာအာရက္ခတပ်တော် (AA)၏ တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့(BGP)နှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၅၀၀ ကျော်ခန့်သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။
"မြန်မာနဲ့ဆွေးနွေးအပြီးမှာ သူတို့ ၅၀၀ ကျော်ကိုနေရပ် ပြန်ပို့ပေးခဲ့တယ်။ ဒါပေမယ့် အခုနောက်ပိုင်း စစ်တပ်က ဒုတိယဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးနှစ်ဦးအပါအဝင် နောက်ထပ် ၁၃၈ ဦး ဘင်္ဂလားဒေ့ရှ်ဆီ ထပ်မံထွက်ပြေးလာခဲ့ပြန်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
၎င်းဖြစ်နှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝန်ကြီးက ၎င်းတို့ကိုယခင်ပြန်ပို့ခဲ့သည့် လုပ်ငန်းစဉ်အတိုင်း ပြန်ပို့နိုင်မည်ဟုမျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံမှလည်း၎င်းတို့အား ပြန်လည်ခေါ်ယူရန်စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။
Ref: Dhaka Tribune