ဂျွန်နသန်၊နိရဉ္စရာ၊ မေ ၁၄/ ၂၀၂၄
မဏိပူရရှိမြန်မာဒုက္ခသည်များအား အတင်းအကြပ်နေရပ် ပြန်ပို့ခြင်းကိုချက်ခြင်းရပ်ဆိုင်းရန် အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်(ICJ) ကတောင်းဆိုလိုက်သည်။
အိန္ဒိယအာဏာပိုင်များက မြန်မာဒုက္ခသည် ရရ ဦးကိုနေရပ်ပြန်ပို့ခဲ့ခြင်းသည်ဒုက္ခသည်များကို အန္တရာယ်ရှိ သည့် နေရပ်သို့ အတင်းအကြပ်ပြန်ပို့ခြင်းမပြုရေး ဆိုသည့်သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ နောက်ထပ် မြန်မာဒုက္ခသည်များကို ထပ်မံ၍နေရပ်သို့အတင်းအကြပ်ပြန်ပို့မည့် အစီအစဉ်များကို ယခု ချက်ခြင်းရပ်ဆိုင်း၇မည်ဖြစ်ကြောင်း (ICJ) က မေလ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အိန္ဒိယအာဏာပိုင်တွေကမြန်မာဒုက္ခသည် ရ၇ယောက်ကို ၄င်းတို့၏နေရပ်သို့ ဖိအားပေးပြန်ပို့ခဲ့ခြင်းသည် အတင်းအကျပ်ပြန်ပို့ခြင်းမပြု ရေး သဘောတူညီချက်ကိုချိုးဖောက်ရာရောက်ပြီး ယခုလိုလုပ်ရပ်များကို ချက်ချင်းရပ်တန်း ကရပ် ဖို့ လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့်International Commission of Jurists (ICJ) က မေလ ၁၀ ရက်က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်မေလ ၂ ရက်နေ့တွင် မဏိပူရပြည်နယ် ဝန်ကြီးချုပ် Biren Singh က မြန်မာဒုက္ခသည် ရရ ဦးအား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဟု ရည်ညွှန်းပြောဆိုခဲ့ ပြီးနေရပ်ပြန်ပို့ခြင်းပထမအဆင့်ကို ပြီးမြောက်ခဲ့ ကြောင်း၄င်းတို့၏ ဇီ၀အချက်အလက်တွေကိုလည်း၇ယူထားကြောင်း သူကလူမှုမီဒီယာမှတဆင့်ပြောထားပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်လုံခြုံရေးအခြေအနေ ယိုယွင်းလာခြင်းကြောင့် ဘေးကင်းရန် မြန်မာဒုက္ခ၆,၀၀၀ကျော်သည်မဏိပူရတွင် ခိုလှုံခဲ့ကြောင်း အစီရင်ခံစာများက ဖော်ပြသည်။
ပြည်နယ်ဝန်ကြီးချုပ်ကမဏိပူရတွင် ဖြစ်ပွားနေသော လူမျိုးစုများကြား အကြမ်းဖက်မှုနှင့်မငြိမ်သက်မှုများ သည် “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ”၏လှုံ့ဆော်မှု ကြောင့်ဟုအပြစ်တင်ခဲ့ပြီး ၎င်းတို့ပါဝင်ပတ်သက်နေသည့်အထောက်အထားအခိုင်အမာမရှိသော်လည်း ၎င်းတို့ကို ဖော်ထုတ်ပြီးနေရပ်ပြန်ပို့မည်ဟု ၄င်းက ကတိပြုခဲ့သည်။
မြန်မာဒုက္ခသည်များကို မျက်စိ စကင်ဖတ်ခြင်းနှင့်လက်ဗွေရာများရယူခြင်း အပါအဝင် အရေးကြီးသော ဇီ၀ ဆိုင်ရာ အချက်အလက်များ ကိုအာဏာပိုင်များက စုဆောင်း ရယူထားခြင်းသည် မတရားဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းများလုပ်ဆောင်ရွက်ရာတွင်ပြန်လည် အသုံးချမည်ကိုICJ ကစိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Source/InternationalCommission of Jurists (ICJ)